Hate(29)(Z+U)

416 44 5
                                    

Sehunကြားနိုင်သည် မကြားနိုင်သည် မသိ သူအရူးတစ်ယောက်လို အော်ဟစ်ပေါက်ကွဲကာ အိပ်ခန်းထဲ၌ ကျန်ခဲ့ပါသည်။

°~°~°~°~°~°~°~°~°~°~°~°~°~

''ကျွန်..ကျွန်တော် ဘာလုပ်ပေးရမလဲ သူဌေးKim...''

ကျန်းမာရေးမကောင်းရသည့်အထဲ အရက်တွေချည်း လှိမ့်သောက်နေသည့် Kim Jonginကို Kyungsooစိတ်ပူမိသည်။

''မင်းတို့လိုချင်တာ ဒီပုံစံပဲမလား...''

''ခင်များ အရမ်းမူးနေပြီ...! ကျွန်တော်အိပ်ခန်းထဲလိုက်ပို့ပေးမယ်...''

''သွားစမ်းပါ!! Oh Sehunက မင်းကိုဘယ်လိုစောက်ရူးစကားတွေပြောထားလည်း ငါမသိပေမဲ့ မင်းသိထားဖို့က မင်းကငါ့ယောက်ျား ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး Do Kyungsoo!''

မူးနေတဲ့လူတစ်ယောက်မို့ အပြစ်မမြင်ချင်ပေမဲ့ လူသားတစ်ယောက်အနေနဲ့ တစိတ် သူ့ကိုအထင်သေးလွန်းသည်မဟုတ်ပါလား...

''ခင်များကို ကျွန်တော်ချစ်ခဲ့တယ်ဆိုတာမှန်တယ် သူဌေးKim..! မဖြစ်သင့်မှန်းသိလို့လည်း ကျွန်တော်ဒီအိမ်ကထွက်သွားဖို့ဆုံးဖြတ်ခဲ့တယ်...''

''ဆုံးဖြတ်ခဲ့တယ်ရင်ထွက်သွားလေ...! ဘာတွေတွန့်ဆုတ်ပြီး ဘယ်သူ့ကိုစောင့်နေတာလဲ...''

''ခင်များယောက်ျား Oh Sehunကို ခင်များပြောပေးလေ...!ခွင့်တောင်းပေးလေ..! သူခွင့်ပြုတာနဲ့ ကျွန်တော်ချက်ချင်းဒီအိမ်ကထွက်သွားမယ်..''

''ဟား ဟား...! မင်းကလူယုတ်မာပဲ Do Kyungsoo..! Sehunက ငါ့အားနည်းချက်မှန်းသိလို့ မဖြစ်နိုင်တာကို တမင်ပြောတာမလား...''

''ကျွန်တော်က သာမန်လူတစ်ယောက်ပါ သူဌေးKimရယ်... လိမ်ညာတာတွေ လှည့်စားတာတွေဆိုတာလည်း မတတ်ပါဘူး ကျွန်တော့ကို ထပ်မစော်ကားပါနဲ့တော့...''

''သွား...! ထွက်သွား... ငါ့မျက်စိရှေ့ကထွက်သွားစမ်းပါ...!!''

°~°~°~°~°~°~°~°~°~°~°~°~°~°~°~

ချမ်းစိမ့်စိမ့် အေးစိမ့်စိမ့်လိုဖြစ်လာ၍ သူနိုးလာသည်။

ဦးနှောက်က စတင်အလုပ်လုပ်ပြီး အသိဝင်လာသည်နှင့် ခေါင်းထဲက တဆစ်ဆစ်ကိုက်နေကို ခံစားလိုက်ရပါသည်။

Hate (completed)Wo Geschichten leben. Entdecke jetzt