အနက်ရောင် Style pantsလေးကို အသားရောင်ဆွယ်တာအင်္ကျီခေါင်းစွပ်လေး ထပ်ဝတ်လိုက်တော့ ဖြူဖြူသေးသေး ကလေးရုပ်ထွက်နေသည်သူက အနည်းငယ်ရင့်ကျက်တည်ငြိမ်နေသည့် လူကြီးတစ်ယောက်ရဲ့ဟန်ပန် ထွက်လာခဲ့ပါသည်။
ဒီနေ့ Oh Sehunနဲ့ သွားတွေ့မှ ဖြစ်တော့မည်...
လူငယ်တွေကြား ဓားစာခံဖြစ်ရရှာသည့် Appa!!
တွေးမိတိုင်း မျက်ဝန်းမှမျက်ရည်တို့က ထိန်းမရစွာ ဝေ့ဝဲတက်လာခဲ့ပြန်ပါသည်။
Ommaဆုံးသွားပြီးကတည်းက နောက်အိမ်ထောင်မထူပဲ စီးပွားရှာဖို့နှင့် သူ့တစ်မျက်နှာကိုသာ ကြည့်ပြီးနေလာခဲ့တဲ့ Appa...
ဒီနှစ်ပိုင်းမှ အချစ်ကို တွေ့ပြီဟု အသိပေးလာတော့ ဝမ်းသာပီတိအဖြစ်ရဆုံးလူက Byun baekhyunဆိုသည့် သူရယ်ပါ...
နှစ်ပေါင်းများစွာ Appaတစ်ယောက်တည်း ဖခင်ဝတ္တရား ကျေပွန်လာခဲ့တာ ကြာပြီမလား...
အရင်ကထက် တက်ကြွလန်းဆန်းပြီး ရွှင်မြူးနေတဲ့ Appaကိုကြည့်ကာ ဖူးစာရှင်အစစ်အမှန်ကို ဘုရားသခင်က ပေးလိုက်တာပဲဟု Oh Sehunကို မတွေ့ရခင်အချိန်လေးထိ သူတွေးနေခဲ့မိပါသည်။
သို့ပေမဲ့ ကံဇာတ်ဆရာက ကျီစားသန်လွန်းလှသည်။ အသက်လေးဆယ်ကျော်မှ ရှားရှားပါးပါး ရှာဖွေတွေ့ရှိခဲ့သည့် Appaရဲ့အချစ်က Kimမိသားစုကို နောင်ဘဝရှိရင်တောင် သရဲတစ္ဆေအဖြစ်နဲ့မုန်းနေမှာလို့ ပြောခဲ့ဖူးတဲ့
Oh Sehunဖြစ်နေခဲ့သည်တဲ့လား...တိုက်ဆိုင်မှုလား တမင်တကာလားဆိုတာတော့....ကာယာကံရှင်မှလွှဲလို့ မည်သူမျှ မသိနိုင်ပြီ မဟုတ်ပါလား....
°~°~°~°~°~°~°~
''Arr____ Baekhyun shi ရောက်နေတာ ကြာပြီလား... တစ်ယောက်တည်းလား..? Chanရော မပါဘူးလား...''
ကုမ္ပဏီထိ လိုက်လာလိမ့်မည်ဟု မထင်မှတ်ထားပေမဲ့ တကယ်တမ်း ရုံးခန်းထဲတွင် ထိုင်စောင့်နေသည့် Byun Baekhyunကိုတွေ့လိုက်ရသောအခါ သူ့စိတ်အနည်းငယ်လှုပ်ရှားသွားမိပါသည်။
အနည်းငယ် ပျက်ယွင်းသွားသည့် အမူအရာကို ချက်ချင်းထိန်းလိုက်ပြီး ဆုံလည်ကုလားထိုင်တွင် ဝင်ထိုင်ကာ မရှိသည့်အလုပ်တွေကို ရှုပ်ချင်ယောင်ဆောင်လိုက်ပါသည်။