Appaက သူတို့နှစ်ယောက်နှင့် ညစာစားမည်ဟု ဖုန်းဆက်ထားသဖြင့် ပြင်ဆင်နေကြခြင်း ဖြစ်ပါသည်။
''ယောက္ခမကြီးက စွမ်းတုန်းနော် Bae...''
ရှပ်အင်္ကျီကြယ်သီးတပ်ရင်း ပြောနေတဲ့Chanyeolရဲ့ ပြောင်စပ်စပ်အပြောကြောင့် Baekhyun မျက်စောင်းထိုးလိုက်ပြီး
''ငါ့Appaက အလတ်ကြီးရှိသေးတယ်နော်..!! သူ့ခမျာ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျပြီး Ommaက ငါ့ကို မွေးပြီးတာနဲ့ ထားခဲ့လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးဖို ဖြစ်ခဲ့ရရှာတာပါ''
''အွန်းပါ Baeရဲ့ ကိုယ်ကဘာပြောလို့လဲ အခုလို ဆေးပေးမီးယူတွေ့တော့ ယောက္ခမကြီးအတွက် ကိုယ်က ဝမ်းသာပါတယ် အဟင်း...ဟင်း...''
''ငါလည်း Appaအတွက် ဝမ်းသာပါတယ်...''
~°~°~°~°~°~°~°~°~°~
ႺOℓDξN QUξξN ဟိုတယ်စားသောက်ခန်းမသို့ သူတို့ရောက်သည်အထိ Appaတို့ မရောက်သေးပါ
''ယောက္ခမကြီး မိတ်ဆက်ပေးမဲ့သူက ဘယ်လိုပုံများဖြစ်မလဲ...! အသက်ကြီးကြီး အမျိုးသမီးကြီးလား...? ဒါမှမဟုတ် ငယ်ငယ်ချောချော sexyကျကျ အလန်းလေးများလား...? ကိုယ်တော့ အရမ်းသိချင်နေပြီ Baeရာ...''
''Chan!! မင်းနော်!!!''
''အဟင်း..ဟင်း...ကိုယ်ကဒီအတိုင်း ယောက္ခမကြီးကိုယ်စား ရင်ခုန်မိတာပါကွာ...ဘာစိတ်မှမရှိဘူး...သိရဲ့လား..''
''ပြီးတာပဲ!!!''
~°~°~°~°~°~°~°~°~°~
ကားရပ်ပြီးသည်နှင့် Kim Jonginမှာ ပျာပျာသလဲဆင်းကာ ကောင်လေးဘက်မှ ကားတံခါးကို အပြေးအလွှားပြေးဖွင့်ပေးပါသည်။
အခါတိုင်းထက် လူငယ်လေးတစ်ယောက်လို ဖျတ်လတ်တက်ကြွလန်းဆန်းနေသည်မို့ ချောမောကြည့်ကောင်းနေမှုတို့ကို မဖုံးကွယ်ထားနိုင်
သူက ကောင်လေးရဲ့လက်ကို ဆွဲကိုင်ဖို့ လက်လှမ်းပေးတော့ ကောင်လေးက နေရခက်စွာ မျက်နှာလွှဲသွားပါသည်။
''Arr....sorry.... အဟင်း...ဟင်း...''
ကောင်ငယ်လေးက သူ့ရဲ့ တိုးရှရှ တောင်းပန်စကားကို မသိကျိုးကျွန်ပြုလိုက်ရင်း အပေါ်တက်နေသော ကုတ်အင်္ကျီကို ဆွဲချကာ ကြယ်သီးတပ်လိုက်ပြီး ဟိုတယ်ထဲသို့ ဝင်သွားခဲ့ပါတော့သည်။
![](https://img.wattpad.com/cover/197216090-288-k658367.jpg)