Hate(22)(Z+U)

500 45 16
                                        

Baekhyunက တွန့်ကြေနေသည့် အဝတ်အစားတို့အား ဆွဲဆန့်ရင်း သူ့ကိုချော့သလိုပြောသည်။ အလိုလိုက်ခံရသည့်ကလေးက ပိုဆိုးသည်တဲ့ Chanyeolမျက်နှာအား စူပုတ်ထားလိုက်ပါသည်။

''အခုနေ့လယ်စာမဟုတ်ရင်တောင် အဆာပြေတခုခုစားလိုက်ဦးနော်... ညမှတွေ့မယ်...! စောစောပြန်ခဲ့ ငါ့အချစ်လေး...ငါမျှော်နေမယ်...''

''ညကျ မင်းကိုတညလုံးလုပ်မှာနော် Bae...''

''အဟား..! မင်းမလုပ်နိုင်ရင် ငါနဲ့တွေ့မယ်ကောင်လေး...''

°~°~°~°~°~°~°~°~°~°~°~°~°~°~°~

ဆေးရုံဆေးစစ်ချက်အရ သူ့ကျန်းမာရေး တော်တော်ကောင်းလာတဲ့အတွက် အတိုင်းမသိပျော်ရွှင်ရပါသည်။

သူ့ကလေးရဲ့နံဘေး အချိန်အကြာကြီး အတူရှိနိုင်ပြီမလား

ဆေးရုံကအပြန် Do Kyungsooနဲ့အတူ အပြင်မှာညစာစားပြီးမှ အိမ်သို့ပြန်လာခဲ့ပါသည်။

စိတ်လက်ကြည်သာရွှင်လန်းနေ၍ အိမ်ရောက်သည်နှင့် ရေချိုးခန်းထဲဝင် ရေချိုးလိုက်သည်။

အချိန်အတော်ကြာ ရေနွေးနွေးနှင့်စိမ်ချိုးလိုက်တော့ လူကအညောင်းအညာပြေ လန်းဆန်းသွားသည်။

ရေချိုးခြင်းအား လက်စသတ်လိုက်ပြီးနောက် ခါးတွင် အညိုရောင်မွှေးပွသဘက်ကြီးအားပတ်လိုက်ပြီး ရေချိုးခန်းထဲမှ ထွက်လာခဲ့ပါသည်။

အပြင်ဘက်တွင် အိပ်ယာပေါ်၌ တင်ပုလွှဲထိုင်နေသည့် Oh Sehunအား တွေ့လိုက်ရပါသည်။

''Hunnie...! ပြန်ရောက်နေပြီလား...အလုပ်က အဆင်ပြေရဲ့လား''

''ကျွန်တော် ခင်များကိုပြောစရာရှိလို့... Kim Jongin...''

''ပြောစေဗျာ...ပြော''

ခေါင်းဆံပင်ရေသုတ်ရင်း ကောင်လေးနံဘေးကပ်ထိုင်တော့ ကောင်လေးက သိသိသာသာပင် ထိုင်နေရာမှထကာ မှန်တင်ခုံရှေ့တွင်ချထားသည့်ထိုင်ခုံပေါ်သို့ ပြောင်းထိုင်ပါသည်။

''အဟင်း~~''

အသက်မပါသည့် အပြုံးတစ်ခုကို သူဖန်တီးလိုက်ပြီး မသိသလို လစ်လျူရှုလိုက်ပါသည်။

''ပြော...! ကိုယ်ဘာကူညီရမလဲ...''

''ဟို...ကျွန်တော်တို့ ကုမ္ပဏီကလုပ်ဖော်ကိုင်ဖက်တွေကပြောတယ် ဒီတစ်ခေါက် projectအတွက် ခင်များတို့ကုမ္ပဏီကလူတွေနဲ့လည်း ရင်းနှီးမှုရအောင် တောင်တက်ခရီးတိုလေးတစ်ခုထွက်ဖို့ဆိုပြီး တောင်းဆိုလာတယ်...အဲ့ဒါ....ကျွန်တော့အနေနဲ့ကျတော့လည်း... ခင်များသဘောကရော...''

Hate (completed)Onde histórias criam vida. Descubra agora