သူ့အဖွဲ့ ကိုယ့်အဖွဲ့ စကားတပြောပြောဖြင့်တက်ရင်း တောင်ထိပ်ရှိ နားနေစခန်းသို့ နေ့လယ်စာစားချိန်မှ ရောက်ကြပါသည်။
အမောဖြေအနားယူရန် ပါလာသည့် ရွက်ဖျင်တဲများအား တဝေးဝေးတဝါးဝါး ပျော်ပျော်ပါးပါးဖြင့် ထိုးလိုက်ကြပါသည်။
အချက်အပြုတ်တာဝန်ယူထားသည့်လူတွေကလည်း နေ့လယ်စာနှင့်ညစာ ပေါင်းစားရန်အတွက် အိုးကြီးအိုးငယ် ခွက်ကြီးခွက်ငယ်ဖြင့် ချက်ပြုတ်နေကြသည်။
ထိုစဉ် သူ့အနားသို့ ရေးကြီးသုတ်ပျာပြာပုံစံဖြင့် သားဖြစ်သူရောက်လာပါသည်။
''Appa! ကျွန်တော်အခုပဲဆိုးလ်ကိုပြန်မှဖြစ်မယ်...စက်ရုံမှာ ပေါက်ကွဲမှုအသေးစားလေးဖြစ်သွားလို့တဲ့..! ပြီးတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုစစ်တွေလည်းရောက်နေတယ်ပြောတယ်...''
''ဟေ..! သားတစ်ယောက်တည်းပြန်မလို့လား...''
''ရှေ့နေကြီးနဲ့ နှစ်ယောက်ပြန်မှာ Appa...''
''ကိုယ်လည်းလိုက်ခဲ့မယ်လေ Baeရယ်...''
''ဟုတ်သားပဲ သားရယ်...! သားမက်Parkနဲ့အတူပြန်လိုက်ပါလား...''
''ရတယ်Appa.. ကျွန်တော်တစ်ယောက်ပဲ ပြန်လိုက်တော့မယ်..! အနားရခိုက် အေးအေးလူလူအနားယူပါ Chanရယ်..! ငါတစ်ယောက်တည်းဖြေရှင်းနိုင်ပါတယ်...! ပြီးတော့ ဟိုမှာကိစ္စပြီးတာနဲ့ တန်းပြန်လာမဲ့ဟာ...ဘာလို့နှစ်ယောက်အပင်ပန်းခံမှာလဲ...''
''အင်းပါ...သားကမှတစ်ယောက်တည်းဖြစ်တယ်ဆိုတော့လည်း ပြီးရောပေါ့...! သွားမယ်ဆိုလည်း အခုသွားမှဖြစ်မယ်ထင်တယ် တော်ကြာမှောင်လာတော့မယ်...''
''တောင်အောက်ထိ ကျွန်တော်လိုက်ပို့လိုက်ပါ့မယ် ယောက္ခမကြီး...''
''ကဲ..! အဲ့ဒါဆိုလည်း ငါတို့သွားကြရအောင် Chan..''
ရှေ့နေကြီးနှင့်အတူ တေင်အောက်ပြန်ဆင်းကြရန် ပြင်ဆက်လိုက်ပါသည်။
''တောင်အောက်ကို အမြန်ဆုံးပြန်ရောက်မဲ့ဖြတ်လမ်း ကိုယ်သိတယ် Channie..!''
°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~
သူတို့ တာင်အောက်ကိုရောက်တော့ ညနေတော်တော်စောင်းနေပြီ...
