''မင်းစီစဉ်သလို အားလုံးဖြစ်သွားတယ်...! မင်းပျော်နေတယ်မလား Oh Sehun..''
ဘယ်တော့မှမပတ်သက်ချင်ခဲ့သည့် Oh Sehunဆိုသည့်လူအား Baekhyun ကိုယ်တိုင်သွားရှာပြီး တွေ့ဖြစ်ခဲ့ပါသည်။
''ကိုယ်နဲ့မင်းရဲ့ကြား ပြောစရမရှိဘူး Baekhyun...''
''မင်းနဲ့Chanyeolရဲ့ကိစ္စက ဟိုးအရင် long long agoကဖြစ်ခဲ့တာတွေပဲ...! ဘာဖြစ်လို့ အခုအချိန်ထိ ဖက်တွယ်နေဦးမှာလဲ...''
''မင်း လူတစ်ယောက်ကို မချစ်ဖူးသေးဘူးပဲ...''
''Chanyeolက ငါ့ကိုချစ်တယ်...''
''အဟ့!! မင်းကိုChanyeolကသာ တကယ်ချစ်တယ်ဆိုရင် အခုလိုငါရှိတဲ့နေရာထိ မင်းလိုက်လာမှာမဟုတ်ဘူးလို့ ငါထင်တယ်...''
''မင်းဘယ်သူ့မျက်နှာမှမထောက်ရင်တောင် Appaရဲ့မျက်နှာကိုတော့ ထောက်သင့်တယ်လို့ မထင်ဘူးလား Oh Sehun..''
''အဲ့ဒီနေ့ညက ငါတို့မှားခဲ့တာမှန်တယ်...! ဒါပေမဲ့ ငါတို့တွေ လမ်းဆုံးထိမရောက်ခဲ့ဘူး Baekhyun...! မင်းပြောသလို မင်းအဖေရဲ့မျက်နှာကို ထောက်ရအောင်ဆိုတာကလည်း မင်းရဲ့အဖေဆိုတဲ့သူလုပ်ခဲ့တာတွေရော မင်းသိလား...''
''ငါ့အဖေ ဘာဖြစ်လဲ...! မင်းတို့အပြစ်ကို ဖုံးချင်တာနဲ့ ငါ့အဖေကိုဆွဲမထည့်နဲ့...''
''ငါဆွဲထည့်လား မထည့်လားသိချင်ရင် မင်းရဲ့ချစ်လှစွာသောAppaကိုတွေ့အခါ မေးကြည့်လိုက်ပေါ့...''
°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~
''Appa...Appa လူမှန်းသူမှန်းမသိအောင် မူးနေခဲ့တာပါ...''
ဖခင်ဖြစ်သူရဲ့အဖြေကြောင့် သူနေရာမှာတင် လဲပြိုကျချင်သွားသည်။
''အဲ့...အဲ့ဒါကို အခုအချိန်ထိ Do Kyungsooကို Appaအနားမှာ ခေါ်ထားတယ်ဆိုတော့...! ဘာလဲ ဘာတွေလဲ..! ကျွန်တော်နားလည်အောင် ရှင်းပြစမ်းပါ...''
''ဒီပြဿာနာကိုAppaဖြေရှင်းဖို့ ကြိုးစားတယ်..! ဒါပေမဲ့ Sehunက အဲ့ဒီကောင်လေးကို ဒီအိမ်က ထွက်မသွားခိုင်းဘူး...''
''Appa..ရူးနေတာလား...''
''သူက ကွာရှင်းခိုင်းပြီး Appaနဲ့ အဲ့ဒိကောင်လေးကို လက်ထပ်စေချင်နေတာ...''