''အဟင်း...မင်းရဲ့ဟာသက မရယ်ရဘူးနော်Do Kyungsoo...''
''တောင်းပန်ပါတယ်...''
''မင်းလည်းအဝတ်အစားလဲထား ကိုယ်နဲ့အတူလိုက်ရမှာပေါ့...! အပြန် စားကောင်းတာလေး ကိုယ်ဝယ်ကျွေးပါ့မယ်...''
°~°~°~°~°~°~°~°~°~°~°~°~°~°~°~°
''အလုပ်တွေအရမ်းများနေပြီလား Chan...''
ပြုံးပြုံးရွှင်ရွှင်နှင့် သူ့ရုံးခန်းထဲသို့ဝင်လာသည့် ခင်ပွန်းသေးသေးလေးကြောင့် အစည်းအဝေးတစ်ခုတွင် စိတ်မကြည်နေသမျှ Chanyeolသူ့မျက်နှာ၌ အပြုံးအကြီးကြီး ဖြစ်တည်သွားရပါသည်။
''ဟော...ကိုယ့်Bae..! ကိုယ်အခုပဲမင်းနဲ့အတူ နေ့လယ်စာစားဖို့ ဖုန်းဆက်တော့မလို့...''
''နှစ်နာရီပဲကျော်နေပြီ ငါစားပြီးသွားပြီ Chan...! မင်းမစားရသေးရင် ငါအဖော်လုပ်ပေးမယ်လေ''
ထိုအခါမှ လက်မှနာရီကို သူငုံ့ကြည့်လိုက်သည်။
''ဟုတ်သားပဲ... တရုတ်ကဖောက်သည်က တအားရစ်နေလို့.. အချိန်တွေဒီလောက်ကုန်သွားတာမသိလိုက်ဘူး..!''
''ငါ့ကောင်လေးက အရမ်းပင်ပန်းနေတာပဲ...''
ချစ်ခင်ပွန်းသေးသေးလေးက သူ့နဖူးပေါ်ဝဲကျနေသည့် ဆံပင်တွေကို သပ်သင်ပေးသလိုပြောရင်း ပြောင်သလိုလို စပ်သလိုလိုမျက်နှာပေးနှင့် ပြုံးစစပြောလာသည်။
''ဟုတ်တယ် ကိုယ်အရမ်းပင်ပန်းနေတာBae... .အမောဖြေချင်လာပြီ...''
နှစ်ကိုယ်ကြား ကြားသာရုံပြောလိုက်ပြီးနောက် မျက်စေ့ရှေ့မှာရှိနေသည် Baekhyun၏ တင်ပါးလုံးလုံးလေးကို လှမ်းကိုင်လိုက်ပါသည်။
''ဘယ်အချိန်ကြည့်ကြည့် Bae-င်လေးက လုံးကစ်နေတာပဲ..''
''ဟေး...Chan..! မင်းဘယ်လိုဖြစ်နေတာလဲ! ဟိုမှာမန်နေဂျာကြီးရှိနေတယ်လေ..! မရှက်ဖူးလား...''
Baekhyunက မျက်နှာနီနီဖြင့် သူ့လက်ကိုပုတ်ချသည်။
''ရှူး...မန်နေဂျာကြီးက မမြင်ပါဘူး...Baeသာ ငြိမ်ငြိမ်လေးနေ''
''Chanဆို...''
''ကျွန်တော် အပြင်မှာရှိနေပါ့မယ်...!ဒုဥက္ကဌ''
