''Oh Sehunနဲ့ သဘောမတူဘူး Appa..!''
''ဘာဖြစ်လို့လဲ သားရယ်...! Hunnieက ဘာဖြစ်နေလို့လည်း အသက်လည်းငယ်တယ်...! ဘွဲ့ရပညာတတ် မျိုးရိုးကလည်း အနိမ့်ကြီးထဲကမဟုတ်ဘူး ပြီးတော့ လက်ရှိမှာလည်း အလုပ်နဲ့အကိုင်နဲ့ သူ့ဟာသူ ရပ်တည်နေနိုင်တဲ့ ကောင်လေးပါ...''
''အဲ့ဒီအသက်ငယ်နေတာကိုပဲ သဘောမတူချင်တာပဲ...! အသက်ငယ်နေလို့ကို Daddyလို့ မခေါ်ချင်တာ...! ကျွန်တော့Daddyဖြစ်ဖို့ သူ့မှာ အရည်အချင်းမရှိဘူး...Appa''
''အော်...ကဲ အဲ့ဒါဆို Appaက အသက်ကြီးကြီးအဖိုးကြီးကို ရွေးယူရမှာလား...သားငယ်လေးရယ်...ဟွန်?''
''Appaဘာသိလဲ..! Appaသူ့မျက်လုံးထဲကိုကြည့်မိရဲ့လား...! သူ့အတွေး သူ့စိတ်ကူးထဲမှာ Appaနဲ့ပတ်သက်ပြီး ဘာခံစားချက်မှရှိမနေဘူး...''
''Byun Baekhyun!!''
''Appaလက်မခံနိုင်လည်းမတတ်နိုင်ဘူး ကျွန်တော်ကတော့ ပြောစရာရှိတာ ဆက်ပြောရမှာပဲ...! သူ Appaကိုမချစ်ဘူး...! Appaသူနဲ့လက်ထပ်လိုက်လို့ သာယာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား...အဲ့ဒါဆိုရင်တော့ သိပ်မှားသွားလိမ့်မယ် Appa...''
''Byun Baekhyun! တိတ်စမ်း!!''
အခန်းထဲ ဝင်သွားရနိုး ဝင်သွားရနိုးနှင့် ဝေခွဲမရဖြစ်နေရာမှ စကားပြောသံတွေကျယ်လာသောကြောင့် ထိုသားအဖရှိရာအခန်းထဲသို့ Chanyeolဝင်လာခဲ့ပါသည်။
''Bae...တော်တော့...! စိတ်လျှော့ပါ Baeရယ်... ဘာလို့ ယောက္ခမကြီးကို ပြန်အော်နေတာလဲ...''
''သူ..သူ အလှည့်စားခံရမှာစိုးလို့ စိတ်ဆင်းရဲရမှုစိုးလို့ ငါကစေတနာနဲ့ ပြောပြနေတာ Chanyeol...! သူ သူ ငါ့စေတနာတွေကို နားမလည်ဘူး...ငါ့စေတနာတွေကို နားမလည်ဘူး...အီး...ဟီး...ဟီး...''
''အေးပါကွာ...! စိတ်လျှော့လိုက်ပါတော့နော်..! လာ...လာ အပြင်မှာပြောကြမယ်...! ယောက္ခမကြီး ကျွန်တော်တို့ကို ခွင့်ပြုပါဦး...''
ဒေါသထွက် စိတ်ကြီးနေသည့် Baekhyunရဲ့ပခုံးကို အသာဖက်ကာ ယောက္ခမကြီး၏ အခန်းထဲမှ သူတို့နှစ်ယောက်ထွက်လာခဲ့ပါသည်။
အခန်းထဲမှ ငိုယိုပြီးထွက်သွားသည့် သားဖြစ်သူကိုကြည့်ပြီးတော့လည်း Kim Jonginစိတ်မကောင်း...
