Hate(Double Date)(Z+U)

543 58 26
                                    

အရာအားလုံးကို အသိပေးပြီး ဝန်ခံချိန်တန်ပြီဟု Kim Jonginထင်ပါသည်။

''Appaသဘောပဲလေ...! ကျွန်တော့ဘက်ကတော့ ဘာမှပြောစရာမရှိပါဘူး..! Appaအဆင်ပြေပြီး ဖွင့်ပြောချင်လာပြီဆိုလည်း ဖွင့်ပြောလိုက်တော့ပေါ့...! အခုလောက်ဆို Oh Sehunလည်း နောင်တတွေရနေပါပြီ...''

''Kyungsooကိုလည်းအားနာမိတယ်...! သူ့ခမျာ ဘုမသိဘမသိနဲ့ ကြားထဲကနေ ဒုက္ခရောက်ရှာတယ်...''

''ဒါကတော့ ကျွန်တော်တို့က တမင်ရည်ရွယ်ပြီး သူ့ကိုလိမ်ခဲ့တာမှမဟုတ်တာ...! ပြီးတော့Sehunရဲ့ စိတ်ရင်းအမှန်ကို သိရဖို့အတွက်ဆိုတော့ အဲ့ဒီလောက်တော့ ပေးဆပ်ရမှာပေါ့လေ...! အဲ့လိုပြောကြေးဆို ကျွန်တော်လည်း အလိုတူအလိုပါနဲ့ Chanyeolကိုလည်း လိမ်ထားခဲ့တာပဲ''

''တကယ်လို့များ အဖြစ်မှန်တွေသိသွားရင် အလိမ်ခံရတယ်ဆိုပြီးများ Sehunက ထပ်ပြီးစိတ်ပျက်သွားဦးမလားဆိုပြီးလည်း စိုးရိမ်မိတယ်...''

''အို...! သူလုပ်ခဲ့တာတွေနဲ့စာရင် ကျွန်တော်တို့လုပ်ထားတဲ့ ဒီလောက်လေးက စာဖွဲ့စရာမရှိပါဘူး...တကယ်လို့ သူကအထင်လွဲခ့တယ်ဆိုရင်လည်း ဒီတစ်ခါ Appaအလျှော့မပေးနဲ့...!တစ်ခါတည်းသာပွဲသိမ်းပစ်လိုက်တော့ Appa.. ''

''အဟား..ဟား... နောက်ဆုံးအထိ Appaဘက်မှာ Appaရဲ့ puppyလေးပဲရှိနေခဲ့တာပဲ...''

''အဟင်း..ဟင်း..ဟင်း..ဟင်း...ကျွန်တော်က Appaရဲ့သားပဲဟာ..! Appaဘက်မှာပဲ ရှိနေရမှာပေါ့...''

°~°~°~°~°~°~°~°~°~°~°~°~°~

သူ့ကို ဟိုးအရင်တုန်းကရော အခုရော အရူးလုပ်ချင်နေသည့် Oh Sehunကို အပြစ်ပေးရမည်။

''Shixun...ကိုယ့်ကို အင်္ကျီလဲပေးပါဦး...''

သိပ်မကြာ သူ့အနားကို Sehunရောက်လာပြီး အင်္ကျီကြယ်သီးကို လာကိုင်သည်။

သူ့ရင်ဘတ်၌ ပိုးကောင်လေးတွေ လှုပ်ရှားနေသလို ရွစိရွစိဖြစ်နေသည်။

''ကိုယ်လေ တစ်ယောက်ယောက်ကို လက်ထပ်ခွင့်တောင်းရင် ကောင်းမလားလို့..''

သူ့စကားကြောင့် ကောင်လေးရဲ့ လက်လှုပ်ရှားမှုတွေက ရပ်တန့်သွားပါသည်။

Hate (completed)Tempat cerita menjadi hidup. Temukan sekarang