''အများကြီးပဲ...! Baeကကောင်းကောင်းပြီးသွားတာပဲ...! ကိုယ့်အရည်အချင်းတွေ ကျမသွားသေးဘူးမလား...''
နှုတ်ခမ်းစွန်တွင် ပေရေနေသည့် သူ့အရည်တို့အား လက်ခုံးနှင့်သုတ်ရင်း သူ့ကိုယ်ပေါ်တွားတက်လာသည့် Park Chanyeolက ခပ်တိုးတိုးမေးသည်။
''Chan..! မင်းအစောကြီးနိုးနေတာလား? မနေ့ညက ဘယ်အချိန်ပြန်ရောက်လဲ''
''ကိုယ်မနေ့က အိမ်ပြန်တာ နည်းနည်းနောက်ကျတယ်...! ကိုယ်ပြန်ရောက်တော့ Baeက အိပ်မောကျနေတာနဲ့ မနိုးတော့တာ...ပြွတ်စ်''
Chanyeolက သူ့နှုတ်ခမ်းလေးကို ဖွဖွနမ်းရင်း နံဘေးတွင် တိုးဝင်အိပ်ကာ သူ့အားရင်ခွင်ထဲတွင်မြှုပ်နေအောင် ဖက်ထားပါသည်။
''ကိုယ်မင်းကိုချစ်တယ် Baekhyun... တဘဝလုံးစာအတွက် ရည်ရွယ်ပြီး ချစ်ခဲ့တာပါ...''
''ငါသိပါတယ်...''
''Oh Sehunနဲ့ပတ်သက်ပြီး မင်းနဲ့ကိုယ့်ကြား စကားမများချင်ဘူး... ပြီးတော့သဘောထားကွဲလွဲပြီး စကားများရတာတွေ မဖြစ်ချင်ဘူး Baeရယ်...နော်...? ပြွတ်စ်''
''အဟင်း... အွန်းပါ အတတ်နိုင်ဆုံး အထင်မလွဲမိအောင် ငါကြိုးစားပါ့မယ်...''
''ကိုယ့်နှလုံးသားကို မင်းပိုင်ပါတယ် Baeရယ်...''
''အင်းပါ...''
°~°~°~°~°~°~°~°~°~°~°~
အပြစ်လုပ်ထားမိသလို တောင်းပန်ရိပ်စွတ်နေသည့် Kim Jongin၏ အကြည့်တို့အား လစ်လျူရှုလိုက်ပြီးနောက် ကုမ္ပဏီသွားဖို့ ပြင်လိုက်ပါသည်။
''အလုပ်သွားတော့မလို့လား... စာရွက်စာတမ်းတွေ မေ့ကျန်ခဲ့ဦးမယ်နော် သေချာစစ်ယူဦး...''
''………………''
စကားမရှိစကားရှာ အလုပ်စားပွဲနားထိ ရောက်လာသည့် ထိုလူကြီး၏ဃမနက်စောစောဖျတ်လတ်လန်းဆန်းမှုတို့ကို သူခံစားလိုက်ရပါသည်။
''အလုပ်နဲ့ပတ်သက်ပြီး ကိုယ့်အကူအညီလိုသေးလား…! ကိုယ်ဘာလုပ်ပေးစရာလိုသေးလဲ Hunnie...''
''……………''
Kim Jongin၏ စကားများအား မကြားယောင်ပြုလိုက်ပြီး ဖိုင်တွဲများအား လက်ဆွဲအိတ်ထဲသို့ ထိုးထည့်လိုက်ကာ ကားသော့ကိုလှမ်းယူ၍ စားပွဲမှ ထလိုက်သည်။
