''Sehunရဲ့အချစ်ကို လိုချင်လား...''
''မင်းက ဘယ်လိုကူညီမှာလဲ...''
''Sehunရေးနေတဲ့ဇာတ်လမ်း ခင်များသိတယ်မလား...''
''ကိုယ်...ကိုယ်...''
°~°~°~°~°~°~°~°~°~°~°~
Sehunတို့ကုမ္ပဏီရဲ့ ဒီဇိုင်နာအဖွဲ့ကြီးက ပွင့်လင်းရိုးသားပြီး ပျော်ပျော်နေတတ်သည့် လူတွေပင် ဖြစ်ပါသည်။
သူ့အား တခဏအတွင်း၌ပင် ဂုဏ်ပုဒ်တွေမခေါ်ကြတော့ပဲ Chanyeol... Chanyeolနှင့် ဖြစ်သွားခဲ့ကြပါတော့သည်။
''Chanyeol...တစ်ခွက်လောက်သောက်ပါဦး...!''
လက်ထောက်မန်နေဂျာကြီးက သူ့ပခုံးကိုဖက်ပြီး အရက် အတင်းသောက်ခိုင်းနေသဖြင့် အားနာပြီး သောက်လိုက်ရပါသည်။
''အားလုံးပဲ လိုအပ်တာတွေမှာပြီး သုံးဆောင်ထားကြပါ...!ကျွန်တော့ကို အပြင်ခဏခွင့်ပြုပါဦး...''
''ကောင်းပါပြီChanyeol...သွားပါ...''
VIPအခန်းတံခါးအား ပြန်ပိတ်ပေးခဲ့ပြီးနောက် အိမ်ပြန်နောက်ကျမည့်အကြောင်း Baekhyunဆီ ဖုန်းဆက်ပြောရန်လလူရှင်းသည့်နေရာသို့ Chanyeolထွက်လာခဲ့ပါသည်။
Baekhyunဆီဖုန်းခေါ်နေတာ သုံးခါရှိပြီ...! ဝင်သွားပြီးတော့ မကိုင်... သူသက်ပြင်းမောကြီးကို မှုတ်ထုတ်လိုက်ပြီးနောက် ဖုန်းလေးအား ကုတ်အင်္ကျီအိတ်ကပ်ထဲ ပြန်ထည့်လိုက်ပါသည်။
''Baekhyunဆီ ဖုန်းခေါ်နေတာလား...''
မပီကလာပီကလာ သြရှရှအသံကြောင့် Sehunမှန်း သူသိလိုက်ပါသည်။
''မကိုင်ပါဘူး..''
''ပြန်ချင်ပြီလား Chan...''
''ရပါတယ် အားလုံးစိတ်ကျေနပ်မှ ပြန်ကြတာပေါ့...''
''ငါတို့ လမ်းခွဲပြီးနောက်ပိုင်း ဒါပထမဆုံး အပြင်မှာဆုံခြင်းနော်...Chan...!''
''အလုပ်သဘောအရဆိုတော့...''
''ငါတို့အတူတူနေတုန်းက အချိန်တွေကို သတိရတယ်...မင်းရော ငါ့ကိုမလွမ်းဘူးလား...''
''အထဲကအဖွဲ့သားတွေ မျှော်နေတော့မယ်..! ငါတို့ဝင်ကြရအောင်...Sehun...''
