အေးစက်တိတ်ဆိတ်သွားသည့် အစ်ကိုလေးBaekတို့ရဲ့ အိမ်ထောင်ရေး...
ခရီးကပြန်လာကတည်းက မရွှင်မပျဖြစ်နေသည့် သူဌေးKimရဲ့မျက်နှာ...
Sehunပြန်ရောက်လာရင် ဘာပြဿနာတွေဖြစ်ဦးမှာလဲ?
°~°~°~°~°~°~°~°~°~°~°~°~°~°~°~
ခရီးက ပြန်ရောက်ရောက်ခြင်း Kim Jongin၏ အလုပ်ခန်းထဲ၌ Do Kyungsooနှင့်သူ နှစ်ယောက်တည်း စကားပြောဖြစ်ပါသည်။
''မင်းကဘာဖြစ်လို့ အလုပ်ထွက်ချင်တာလဲ Kyungsoo..! ငါတို့ရဲ့အစီအစဉ်လည်း ဘာမှအကောင်အထည်မပေါ်လာသေးဘူး...''
''ငါ...ငါတို့ အကြံအစည်နဲ့ သူ့ဆီကိုချဉ်းကပ်မှန်း သူသိနေတယ် Hun...''
''…………………''
သူဘာမှဝင်မပြောပဲ Kyungsooစကားများကို အသာနားထောင်လိုက်ပါသည်။
''ငါ့ကို သူဌေးKimက လိမ်လည်လှည့်ဖြားမှု ပိုင်နက်ကျူးလွန်မှုနဲ့ တရားမစွဲခင် ဒီအိမ်ကထွက်သွားချင်တယ်...''
''အဓိပ္ပာယ်မရှိ! ဒီမှာငါတစ်ယောက်လုံးရှိနေတာပဲ မင်းကိုဘယ်သူက တရားစွဲရဲမှာလဲ...''
''ငါ...ငါ...''
''မင်းအင်္ကျီတွေကို ချွတ်စမ်း!!''
''ဘာလို့ချွတ်ရမှာလဲ...Hun''
''ငါမင်းကိုပြောနေတယ်နော် Do Kyungsoo! မင်းကိုယ်တိုင်ချွတ်မလား ငါဆွဲချွတ်ရမလား...''
''မ...မလုပ်နဲ့...''
''မင်းက ငါ့လက်ကို စောင့်နေတာပဲ...''
စိတ်မြန်ကိုယ်မြန်ရှိလွန်းလှသည့် သူ့လက်ထဲ၌ Kyungsooရဲ့ အနက်ရောင်တီရှပ်လေး ပါသွားခဲ့ပါသည်။
ခရမ်းပုတ်ရောင်သမ်းပြီး ညိုမည်းနေသည့် အကွက်တွေက ဖြူစွပ်ရောင်သမ်းနေသည့် ရင်ညွှန့်တစ်ဝှိုက် ဟိုတစ်ကွက် ဒီတစ်ကွက်
''ဒါတွေကြောင့် ဟိုလူက မင်းကိုဒီအိမ်က ထွက်သွားခိုင်းတာလား...''
''မဟုတ်ဘူး..! ငါဒီအိမ်ကထွက်ချင်တဲ့ကိစ္စမှာ သူနဲ့ဘာမှမဆိုင်ဘူး Hun! ဒီအတိုင်းငါ့သဘောနဲ့ငါဘဲ သူက ဘာမှတောင်မသိဘူး...''
