Hate(18)+(Z+U)

780 62 9
                                    

''အာ___ရတယ် ကျွန်တော်က ဒီအတိုင်း...''

'ကဲ...ဘာတွေရှည်နေတာလဲ Hunnieရယ်...! ကိုယ့်စကားကို ဒါလေးတော့ နားထောင်ပေးစမ်းပါ... လာ...ထိုင်...''

နူးညံ့သည်မမည် ကြမ်းတမ်းသည်လည်းမဟုတ်သည့် ဆံနွယ်နက်နက်လေးတွေက သူ့လက်ထဲမှာ...

မွှေးပျံ့သည့် ခေါင်းလျှော်ရည်နံ့တို့က သူ့အသက်ရှူလမ်းကြောင်းသို့ အလုံးအရင်းတိုးဝင်နေကြပါသည်။

''အလုပ်က အဆင်ပြေရဲ့လား...''

''ခင်များက ကျွန်တော်တို့ကုမ္ပဏီကို ထောက်ခံချက်ပေးလိုက်တာလို့ ကြားတယ်..! ကျေးဇူးပါပဲ...''

''မဟုတ်တာ...! မင်းတို့ကုမ္ပဏီက တကယ်လည်း အရည်အချင်းရှိကြပါတယ်...ပြီးတော့ ကိုယ်တို့ကြားမှာ ကျေးဇူးဆိုတာ မလိုပါဘူး...''

''ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ခင်များကို ကျေးဇူးတက်ပါတယ်...Kim Jongin...''

သူစိမ်းဆန်လွန်းလှသည့် Oh Sehun၏ စကားများကြောင့် သူရင်တို့ နင့်နေအောင် ခံစားရသည်။

ဆံနွယ်လေးတွေအား ညင်ညင်သာသာပွတ်သုတ်ပေးနေရင်း မထိန်းနိုင်တော့သဖြင့် မြတ်နိုးရလွန်းသူ၏ မျက်နှာလေးအား မေးစေ့မှပင့်ကိုင်ကာ အကြည့်ချင်းဆုံစေလိုက်ပါသည်။

''ကိုယ့်ကိုဦးလို့မခေါ်တော့ဘူးလားBaby...ပြွတ်စ်''

ကောင်လေး၏ စူတူတူဖြစ်နေသည့် နှုတ်ခမ်းသေသေးလေးကို ဖွဖွနမ်းကာ မေးလိုက်ပါသည်။

''ခင်...ခင်များ ဘာလုပ်တာလဲ...''

''ဘယ်သွားမလို့လဲ Babyရဲ့....နေပါဦး...''

ကောင်လေးက အလန့်တကြားဖြင့် ထိုင်နေရာမှထ ထွက်သွားဖို့ပြင်နေသဖြင့် ပခုံးမှဖိကိုင်ကာ ပြန်ထိုင်ခိုင်းလိုက်ပါသည်။

''အဲ့ဒီတုန်းက မင်းဆီကရတဲ့ ခံစားချက်လေး ကိုယ်မေ့မရဘူး... နွေးထွေးနေတုန်းပဲ Hunnieရယ်... ကိုယ်နဲ့ ဘယ်အချိန်ထိ သူစိမ်းတွေလို လုပ်နေဦးမှာလဲ...''

''ကျွန်...ကျွန်တော်ပင်ပန်းလာပြီ...အိပ်တော့မယ် Kim Jongin...! မနက်ဖြန်လည်း ကုမ္ပဏီကို အစောသွားရဦးမှာ... ဖယ်...ဖယ်တော့...''

Hate (completed)Tempat cerita menjadi hidup. Temukan sekarang