''Do Kyungsoo..! ပစ္စည်းတွေသိမ်း... ကိုယ်တို့ပြန်နှင့်မယ်...''
''ဟုတ်..ကောင်းပါပြီ...သူဌေး''
°~°~°~°~°~°~°~°~°~°~°~°~°~°~°~
''ကိုယ်...ကိုယ် အသိစိတ်နည်းနည်းလွတ်သွားခဲ့တာပဲရှိတယ်... ဘာမှမဖြစ်ခဲ့ဘူး... ကိုယ်ပြောတာကိုယုံပါ...Baeရယ်... ကိုယ်တောင်းပန်ပါတယ်...''
Baekhyunက သူ့အားလှည့်မကြည့်ပဲ ကျောခိုင်းထားဆဲ
''ကိုယ်မှားမှန်းသိပါပြီ...! နောက်တစ်ခါ အဲ့ဒီလိုမဖြစ်စေရပါဘူး...''
''မင်းပြောတော့ မင်းစကားပေါ့... ငါလိုက်မြင်ရတာမှ မဟုတ်ဘဲ...Park Chanyeol...''
''ကိုယ်...''
''တော်ပြီ..! ငါဘာမှပြောချင်စိတ်မရှိဘူး Chanyeol...! ကျေးဇူးပြုပြီး ငါ့အခန်းထဲက ထွက်သွားပေးလို့ရမလား...''
''Bae....''
အခုအချိန် ဆက်ပြီးရှင်းပြနေရင်လည်း နှစ်ယောက်ကြား မလိုလားအပ်သည့်ပြဿနာတွေပဲ တိုးလာဖို့ရှိသည်မို့ သူဘာမှဆက်မပြောတော့ပဲ အခန်းထဲမှထွက်လာခဲ့ပါသည်။
°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~
Do Kyungsooက တလမ်းလုံး ဘာစကားမှမပြောပဲ သူနံဘေးမှ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ပါသည်။
''မနေ့ညက ကိုယ်တို့ ဘာမှမဖြစ်တာ သေချာရဲ့လား Do Kyungsoo...''
''………………''
ကောင်လေးက သူ့အမေးကိုမဖြေပဲ ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးကြည့်နေသည်။
''သေချာတယ်..! ကိုယ်တို့အမှားတစ်ခု ကျူးလွန်ခဲ့တယ်ထင်တယ်...''
''အဟင်း...ခင်များက အတော်အတ္တကြီးတာပဲ...သူဌေးKim..!''
''စကားပြောတာ ဘောင်မကျော်လာနဲ့...Do Kyungsoo..! ပြီးတော့မင်းက ငါ့အလုပ်သမားဆိုတာ မမေ့ပါနဲ့...''
''sorry... ကျွန်တော့ဘက်က သူဌေးအပေါ် စကားလွန်သွားတာတွေရှိရင် တောင်းပန်ပါတယ်...!''
''………………''
ခပ်ကျောကျောတောင်းပန်မှုကို ဘဝင်မကျပေမဲ့ စကားတွေမများချင်တော့၍ ငြိမ်နေလိုက်သည်။