''ငါ့မျက်လုံးတွေမမြင်နိုင်မှ မင်းကငါ့အနားမှာရှိနေနိုင်မယ်ဆိုရင် အခုချက်ချင်း ငါ့မျက်လုံးတွေကို ထိုးဖောက်ပစ်လိုက်မယ် Oh Sehun...''
''ရှူး...! ခင်များဘာတွေအဓိပ္ပာယ်မရှိပြောနေတာလဲ Kim Jongin..''
Sehunက နှုတ်ခမ်းကို လက်ညှိုးနဲ့လှမ်းထိပြီး ဆက်မပြောဖို့တားပါသည်။
''မင်းပဲ ငါ့အနားကထွက်သွားဖို့ပြောနေတာမလား...''
''ဘယ်သူက တကယ်ထွက်သွားသေးလို့လဲ...''
''မထွက်ထွက်ကွာ...''
''ချစ်ခြင်းမေတ္တာတွေကို အမြန်ဆုံးမြင်တွေ့နိုင်တဲ့ စိတ်ရဲ့တံခါးဝလို့ခေါ်တဲ့ ဟောဒီမျက်လုံးလေးတွေကိုလည်း ကျွန်တော်ချစ်ပါတယ် Kim Jonginရယ်...ပြွတ်''
စကားအလှလေးတွေသုံးပြီး သူ့မျက်လုံးတွေကို လှမ်းနမ်းပြန်သည်။
''စကားတွေ တတ်လာတယ်...''
''ခင်များပဲ သင်ပေးခဲ့တာလေ...''
''ဟွန်? ကိုယ်ကဘာတွေသင်ပေးလို့လဲ...''
''ခင်များဘက်က မေတ္တာစစ် မေတ္တာမှန်တွေပေးခဲ့တော့ ရောင်ပြန်ဟပ်တာပေါ့...''
''မင်းပဲ မင်းတို့ရဲ့ချစ်ခြင်းကိုခွဲလို့ ကိုယ့်ကိုမုန်းနေခဲ့တာဆို...''
''အဲ့ဒါတွေလည်း ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်...! ဒါပေမဲ့ ကျွန်တော်ခင်များကို ချစ်နေခဲ့တာ...Kim Jonginရယ်...အဲ့ဒါကိုတော့ ခင်များယုံပေးပါ...''
''ကိုယ်ယုံပါတယ် Hunnieရယ်...''
''ဘယ်အချိန်ကတည်းက ဘယ်လိုလုပ်ပြီး ချစ်နေမိလည်းတော့ ကျွန်တော်မသိဘူး...! ကျွန်တော့အနားမှာ ခင်များမရှိတော့ဘူးဆိုတာ တကယ်သေချာသွားပြီဆိုတော့ ကျွန်တော့ကမ္ဘာကြီးပျက်တော့မလိုပဲ...''
''အဲ့ဒါနဲ့များ Kyungsooနဲ့လက်ထပ်ဖို့ပြောပြီး ကိုယ့်ကိုပေးပစ်ရက်တယ်နော်...''
''အဟား...! အဲ့ဒါက ဘယ်လိုပြောရမလဲ...! ကိုယ့်တစ်ယောက်တည်းကိုပဲချစ်နေမှန်းသိနေပြီး ကိုယ့်တစ်ယောက်ကလွဲရင် တခြားဘယ်သူ့ကိုမှ မချစ်နိုင်ဘူးဆိုတာ သိနေတဲ့ယုံကြည်မှုမျိုးလား...! အဲ့လို အဲ့လိုပေါ့နော်...! အဲ့ဒါတွေကြောင့်ပါ...အဟင်း...ဟင်း...''
