VITAMIN D ON MY SKIN

993 63 1
                                    

Unicode

“တော်ပြီ တော်ပြီကွာ မင်းလည်းသိပါတယ်။ဂျူနီယာအထက်တန်းကတည်းက ငါတို့အတူရှိလာတာ ငါဘယ်လောက်သည်းခံနိုင်လဲဆိုတာ မင်းအသိ။ခုကလွန်လွန်းတယ်  ငါလက်လျှော့လိုက်တော့မယ်”

“ဧည့်သည်မှာထားတဲ့ espressoရပါပြီ”

Customerက ပြောလက်စဖုန်းကို နားနဲ့ပခုံးကြားညှပ်ပြီး walletထဲက ကတ်ကို ထုတ်ပြီး သူဆီကမ်းပေးသည်။

“သာယာဖွယ်နေ့လေးဖြစ်ပါစေ”

“အဟက် ကျေးဇူး”

ပြောနေကျစကားမို့ ပါးစပ်ကနေအလိုအလျောက်ထွက်သွားပေမဲ့ လက်ရှိဝယ်သူ၏အခြေအနေကို လှောင်သလိုများ ဖြစ်သွားသလားလို့ တွေးမိလိုက်ပြီး သူအားတုံ့အားနာထပ်ပြုံးပြလိုက်သည်။ဝယ်သူကလည်း  သူ့ကိုကြည့်ပြီး အဆင်ပြေပါကြောင်း ခေါင်းပြန်ညိတ်ပြသည်။

“အဲ့တာကြောင့်ပေါ့ကွာ။တခြားလူတွေက ဘယ်မှာအလုပ်လုပ်နေလဲမေးရင် ဖန်ရှင်းကော်ပိုရေးရှင်းဆိုတာနဲ့ မိုက်လိုက်တာချည်းပဲ ပြောနေလို့  ငါတစ်ချိန်လုံး သည်းခံ....”

Suitနက်ပြာရောင်ကျောပြင်က တဖြည်းဖြည်းဝေးကွာသွားတာမို့ နောက်ပိုင်းစကားသံကိုတော့ သူရှင်းလင်းစွာ မကြားရတော့ချေ။

ဖန်ရှင်းကော်ပိုရေးရှင်း။
ထိုလုပ်ငန်းကို သူကောင်းကောင်းကြားဖူးပါသည်။ ဤမြို့မှာအရွယ်ရောက်ပြီးသည့်လူတိုင်းကြားဖူးနားဝရှိကြသော top 3 လုပ်ငန်းစုတွေထဲက တစ်ခု။ဆောက်လုပ်ရေး၊နည်းပညာ၊သယ်ယူပို့ဆောင်ရေးနဲ့ ဟိုတယ်လုပ်ငန်းပါမကျန် ကြီးစိုးထားတဲ့လုပ်ငန်းစုဖြစ်သည့်အပြင် ကုမ္ပဏီ၏လုံခြုံရေးအဆင့်လောက်ကို ဝင်ရောက်နိုင်ရုံဖြင့် လူမှုရေး၊ကျန်းမာရေး အထောက်အပံ့ကောင်းတွေရနိုင်သည်ဆိုသည့်သတင်းတွေကြောင့်  လူငယ်တွေ၏အိပ်မက်နေရာဆိုလည်း မမှား။လူမှုဖူလုံရေးအဖွဲ့အစည်းတွေ၊အစိုးရဌာနတွေနဲ့ပါ သင့်မြတ်ဝင်ဆံ့တာမို့ မြို့၏သတင်းဌာနတွေတင်မက နိုင်ငံသတင်းဌာနတွေမှာပါ မကြာခဏချီးမွှမ်းခံရသောလုပ်ငန်းစု။ထိုကဲ့သို့လုပ်ငန်းစုက အလုပ်ထွက်ချင်ရအောင် ဘယ်လိုဖိအားတွေ ရှိနေလို့ပါလိမ့်။အရာရာတိုင်းကို စာအုပ်အဖုံးနဲ့တင် ဆုံးဖြတ်လို့ မရဘူး ဆိုသည့်စကားကို သတိရမိတော့ ခေါင်းကိုခပ်ဖြည်းဖြည်းခါယမ်းမိလိုက်သည်။ဖန်ရှင်းကော်ပိုရေးရှင်းက ဘာပဲဖြစ်နေနေ သူနဲ့ဆိုင်တာတော့မဟုတ်။

Vitamin D on My skinWhere stories live. Discover now