အပိုင်း ၂

596 60 8
                                    

Unicode

နှစ်ဦးနှစ်ဖက်သေချာသွားတာနဲ့ အိပ်ခန်းထဲကစာကြည့်စားပွဲအံဆွဲထဲမှာ ထည့်ထားသောစာချုပ်နှစ်စောင်ကို သွားယူလိုက်သည်။သာမာန်အိမ်အငှားစာချုပ်မို့  ရှေ့နေနဲ့ တကူးတကစီစဥ်မနေတော့ဘဲ အသိသက်သေနဲ့သာချူပ်မှာဖြစ်သည့်အတွက် သိပ်အလုပ်မရှုပ်။ဖေးယွီက စာချူပ်ကာလ ရက်စွဲနဲ့ ကိုယ်ရေးအချက်အလက်အကျဥ်းကို ဖြည့်ပြီးတာနဲ့ တစ်ဖက်ကို ကမ်းပေးလိုက်တော့  စာချူပ်ကို ဖြစ်သလိုတစ်ချက်ကြည့်ပြီး ဘောပင်ကောက်ယူကာ အချက်အလက်တွေဖြည့်တော့သည်။ပွဲစားအန်တီ၏အသိသက်သေလက်မှတ်အပြီး ပြန်ကမ်းပေးလာသောစာချူပ်တစ်စောင်ကို  ဖတ်ကြည့်လိုက်တော့  မွေးသက္ကရာဇ်နေရာက ၁၉၈၈ကို မြင်ပြီး မျက်နှာချင်းဆိုင်ကလူကို သတိလက်လွတ်ဖြတ်ခနဲမော့ကြည့်မိလိုက်သည်။

ဖေးယွီက လွန်ရောကျွံရော ၂၅နှစ်လို့တွက်ထားခဲ့တာ။၃၀ကျော်ဆိုတဲ့ဂဏန်းကိုမြင်တော့ မအံ့ဩဘဲ မနေနိုင်ဖြစ်ရသည်။
တချိူ့တွေအတွက် အသက်ဆုိတာ ဂဏန်းတစ်ခုထက် မပိုဘူးဆိုတာ အမှန်ပါပဲလား။

“ကဲ အားလုံးလည်း အဆင်ပြေပြီးဆိုတော့  အန်တီပြန်တော့မယ်နော်။သားကော အိမ်ဘယ်တော့ပြောင်းမှာလဲ”

“ကျွန်တော်က Luggageတစ်လုံးပဲပါတာ။ငှားလာတဲ့ကားပေါ်မှာ သွားယူရုံပဲ”

“ကောင်းတာပေါ့ ဒါဆိုအန်တီပြန်ပြီနော်”

“အန်တီ ခဏနေရင် ကျွန်တော်ငွေလွှဲလိုက်မယ်နော်”

“အေး အေး သား”

ဖေးယွီက သူတို့နှစ်ဦး၏စကားဝိုင်းထဲ ခပ်သွက်သွက်ဝင်ပြောပြီးတာနဲ့ မီးဖိုခန်းထဲ ပြန်ဝင်လာလိုက်သည်။ဟိုလူကတော့  ပွဲစားအန်တီနဲ့ စကားတပြောပြောပါသွားလေရဲ့။

...

“ရေချိူးခန်း၊အိမ်သာကတော့ မျှသုံးရမယ်။မီးဖိုခန်းကလည်း သုံးချင်သုံးလို့ရတယ်။ပစ္စည်းတွေကိုတော့ ဂရုစိုက်သုံးပေးပါ”

“အတွင်းဘက်ကျတော့ အပြင်နဲ့သိပ်မတူဘူးနော်”

အိပ်ခန်းအတွင်းကို လှည့်ပတ်ကြည့်နေရင်းကနေ ဖေးယွီပြောနေသည့်စကားနဲ့မဆီမဆိုင်စွာ မေးခွန်းပြန်ထုတ်လာသည်။

Vitamin D on My skinWhere stories live. Discover now