အပိုင်း ၉

370 53 8
                                    

Unicode

“ကျွန်တော်လုပ်နိုင်မယ်မထင်ဘူး”

ကားထဲက ဆင်းကာနီးမှ တွန့်ဆုတ်နေမိသည့်သူ့ကို လော်လောင်ရှီးက နားလည်သလို ကြည့်လာသည်။

“လုပ်ငန်းကိစ္စအတွက် စိတ်ပူစရာမလိုဘူး။အတွင်းေရးမှူး၁၀ယောက်နဲ့အတွင်းရေးမှူးချုပ်တစ်ယောက်ရှိတယ်။ကျန်တာအလုပ်ကသင်သွားလိမ့်မယ်။ဖေးယွီက ကိုယ့်ရဲ့PA  ကိုယ့်မျက်စိတွေ၊ကိုယ့်နားတွေဖြစ်ပေးဖို့ပဲ”

ပခုံးကို အားပေးသည့်ဟန် ပုတ်လာသည့် လက်ချောင်းသွယ်သွယ်တွေကို ငုံ့မိုးကြည့်ရင်း  ယခုတော့ဖန်ရှင်းကော်ပိုရေးရှင်းဟာ သူနဲ့ဆိုင်တာဖြစ်လာခဲ့သည်။

•••

“အား  အဲ့အဘိုးကြီးက မမိုက်ပါဘူးကွာ။ ဥက္ကဋ္ဌကြီးက ဘာလို့ဒီရှင်းလုပ်ငန်းနဲ့ အကျိုးတူစီးပွားဖက်ဖြစ်ချင်နေလဲ တွေးမရဘူး။တော်တော်လက်ပေါက်ကပ်တဲ့ဘိုးတော်ကို”

Necktieကို အဆုံးထိဖြေလျော့လိုက်ပြီး ဆိုဖာပေါ် လျော့ရိလျော့ရဲလှဲချလိုက်သည့်ယွင်ရှီးကိုကြည့်ပြီး  ဖေးယွီပြုံးလိုက်မိသည်။

“ရှင်းဥက္ကဋ္ဌကြီးထက် သူ့မြေးရဲ့နည်းပညာအသစ်ကို ဥက္ကဋ္ဌကြီးက အာရုံကျနေပုံပေါ်တယ်”

“အဲ့တာဆို  သူ့မြေးက သီးသန့်ကုမ္ပဏီပဲလေ။တိုက်ရိုက်ပူးပေါင်းလိုက်လို့ရတာပဲကို”

“တစ်ဖက်ကယုံကြည်မှုကို ပေးလာဖို့ ကိုယ့်ဘက်ကစွမ်းရည်လည်း လိုအပ်သေးတယ်လေ”

“ဖန်ရှင်းကော်ပိုရေးရှင်းကိုတောင် မယုံကြည်ဘူးဆိုရင်  သူကဘယ်အဆင့်မှ ယုံကြည်မှာလဲ”

“တစ်ဖက်က ရှင်းကလည်း top 3ထဲကဆိုတာ လော်လောင်ရှီးသတိမူသင့်တယ်နော်”

ဖေးယွီက ပြုံးထေ့ထေ့ပြောလာမှ ယွင်ရှီးခေါင်းထဲကို အဖြေရောက်လာတော့သည်။လူတိုင်းက တန်ဖိုးတူရွေးချယ်စရာနှစ်ခုယှဥ်လာရင် ကိုယ့်အတွက်ပိုအသုံးကျနိုင်မည့်တစ်ခုကို ရွေးချယ်ကြမှာပဲမလား။ယခုအခြေအနေနဲ့ဆို ရှင်းကဖန်ရှင်းနဲ့ယှဥ်လျင် ယုံကြည်ဖို့ အခွင့်အရေးပင် ပိုရနေသေးသည်။ယခုရှင်းနဲ့ဖန်ရှင်းပူပေါင်းသည့်projectမှာသာ သူတို့ဘက်က ကောင်းကောင်းလုပ်ပြနိုင်ရင်  ခဲတစ်လုံးထဲနဲ့ငှက်နှစ်ကောင်ရနိုင်မည့်အခွင့်အရေးပင်။သူကျောကို မတ်မတ်ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင်ခုံကနေ သူ့ကိုစိုက်ကြည့်နေတဲ့သူဆီ အကြည့်ပို့လိုက်သည်။

Vitamin D on My skinWhere stories live. Discover now