အပိုင်း ၂၁

316 42 6
                                    

Unicode

"ဒီနေ့ဘယ်သွားစရာရှိလဲ"

ပိတ်ရက်တွေတိုင်း မအားမလပ်နဲ့အကြောင်းပြချက်မျိုးစုံရှာပြီး အပြင်ထွက်နေသည့်သူက ဒီနေ့မှပင် မိတော့သည်။အရင်အပတ်တွေတုန်းက
ယွင်ရှီးနိုးသည့်အချိန် သူမရှိတော့ပါ။တစ်ခါတစ်ခါဆို ည၇နာရီ၊၈နာရီလောက်မှ ပြန်ရောက်တတ်ပြီး ဘယ်သွားတာလဲဟုလည်း မေးမရတာမို့ ယွင်ရှီးတကယ်စိတ်မရှည်တော့။

"ဟင့်အင်း"

"အဲ့တာဆို အိမ်ထဲက တစ်လှမ်းမခွာနဲ့!"

မျက်နှာကို လက်ညှိုးနဲ့တည့်တည့်ထိုးရင်း ပြောလိုက်တော့ မျက်လုံးအဝိုင်းသားနဲ့ ပြန်ကြည့်လာသည်။

ဟမ့်! သူအပြစ်မလုပ်ထားသလိုရုပ်နဲ့။

...

"ဒီမှာ ကြည့်စမ်း။မလှဘူးလား"

Instagramမှာတက်လာသည့်runway modelတစ်ယောက်၏ပုံကို ပြလိုက်တော့ တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြသည်။

"ကြိုက်တယ်မလား"

"ဘာလို့ကြိုက်ရမှာလဲ"

"မင်းပဲလှတယ်ဆို"

"လှတယ်ပဲပြောတာ၊ကြိုက်တယ်ပြောတာမှ မဟုတ်တာ "

မှင်သေသေနဲ့ ပြောလာသည့်ပုံက နဖူးကို ရိုက်ပစ်ချင်စရာအတိ။အမြဲတမ်းသမာဓိအားကောင်းသည့်ဘုန်းတော်ကြီးစတိုင်လ်နဲ့။
အဟား ဒါမျိုးလူတွေက ကွယ်ရာမှာ ကြိတ်ပြီး အမှောင်ဖုံးတတ်တာမသိတာကျလို့။

"မူမနေပါနဲ့ကွာ။ယောကျာ်းအချင်းချင်းပဲကို"

ပခုံးချင်းတိုက်ပြောလိုက်တော့ ယွင်ရှီးကိုမပြောတော့ဘူးဆိုသည့်ပုံနဲ့ကြည့်ကာတစ်ဖက်လှည့်သွားသည်။

"တတိယထပ်က မသုံးတာလား လော်လောင်ရှီး။ကျွန်တော်ရောက်ကတည်းက တစ်ခါမှ တက်တာမမြင်ဖူးဘူး"

"အရင်က တတိယထပ်က မားအပိုင်လေ။ငါက ဒုတိယထပ်မှာပဲနေတော့ မားမရှိတဲ့နောက်ပိုင်း ငါလည်း မတက်ဖြစ်တော့ဘူး။မင်းသွားချင်လို့လား"

ဖုန်းကြည့်နေတုန်း မေးလာတော့ ယွင်ရှီးလက်ထဲကဖုန်းကို ရှေ့ကစားပွဲပေါ်တင်လိုက်ပြီး ြပန်ဖြေလိုက်သည်။

Vitamin D on My skinWhere stories live. Discover now