အပိုင်း၁၃

316 46 5
                                    

Unicode

ယွင်ရှီးကရွှတ်နောက်နောက်ပြောလိုက်တော့ မျက်ခုံးကိုစုကြုတ်ပြီး ပြန်ပြောဖို့ပြင်နေတုန်းမှာ ဖျာပေါ်တင်ထားသည့်ဖုန်းက အသံမြည်လာသည်။

"ဟဲလို"

တစ်ဖက်ဘာပြောလိုက်သလဲမသိ၊ယွင်ရှီးဘက်ကို မျက်မှောင်ကုတ်ကြည့်လာသည်။

"ရေကန်ဘေးမှာ။လမ်းတည့်တည့်ဝင်လာပြီး သစ်ပင်အကြီးကြီးတစ်ပင်တွေ့လိမ့်မယ်။အဲ့ဘေးမှာ လမ်းသွယ်လေးရှိတယ်။အဲ့တည့်တည့်ဝင်လာရင်တွေ့လိမ့်မယ်"

"အတွင်းရေးမှူး -၇ဆက်တာ။လော်လောင်ရှီးခေါ်လိုက်တာလား"

ဖုန်းချပြီးတာနဲ့ မေးခွန်းထုတ်လာသည်။ယွင်ရှီးရယ်ချင်နေသည့်မျက်နှာကို အတင်းသိုဝှက်ရင်း နားမလည်သလို ပြန်ကြည့်ပေးလိုက်တော့ သက်ပြင်းချပြီး ထိုင်နေရာက ထထွက်သွားသည်။

အဟင်း စိတ်ရှုပ်ပြမနေစမ်းပါနဲ့ကွာ။မင်းပြီးရင် ဒီဆရာကို ကျေးဇူးတင်တော့မှာ။

လက်ထဲကအာလူးကြော်ဘူးကို ပိတ်လိုက်ပြီး စားပွဲပေါ်သူတင်ခဲ့သည့် sodaဘူးကိုဖွင့်ရင်း တစ်ငုံသောက်လိုက်သည်။

ကောင်းကင်ကအလင်းရောင်ဖျိူးဖျဖျသာကျန်ရှိတော့ပြီး ပုစွန်ဆီရောင်တောက်နေသည်။ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသည့်လေတွေကလည်း တဖြည်းဖြည်းအအေးပိုလာတာမို့ ရှေ့ကမီးပုံထဲကို ထင်းခြောက်တစ်ချောင်းထပ်ထည့်လိုက်သည်။

"လှလိုက်တာနော်။မြို့ထဲမှာ ဒီလိုနေရာရှိမယ်လို့ ချင်းချင်းမသိခဲ့ဘူး"

သွက်သွက်လက်လက်ဝေဝေဆာဆာထွက်ပေါ်လာသည့်စကားသံကြောင့် ပျင်းတိပျင်းတွဲထိုင်နေရာက ခါးကိုမတ်ပြီး ကိုယ်ဟန်ကို ပြင်လိုက်သည်။

"အာ ဥက္ကဋ္ဌပါရှိတာလား"

ယွင်ရှီးကို မြင်တော့ တအံ့တဩဖြစ်သွားပြီး အနေခက်သွားပုံလည်းပေါ်သည်။ဘေးကသူကလည်း သူ့ဘေးကအမျိူးသမီးငယ်ကိုတစ်လှည့်၊ယွင်ရှီးကိုတစ်လှည့် နားမလည်သလိုကြည့်လာသည်။

"လာ ထိုင်လေ"

ယွင်ရှီးက ပုံမှန်လေသံနဲ့ဖိတ်မန္တကပြုလိုက်တော့ ဖျာအစွန်းဖက်မှာ ရို့ရို့လေးဝင်ထိုင်သည်။လန့်နေပုံပေါ်ပြီး အနေကျုံ့နေတာကိုမြင်တော့ စိတ်ထဲကနေသက်ပြင်းချမိသည်။တကယ်ဆို သူလည်း ခုလိုသူများတွေနဲ့ရှိနေရတာကို သဘောခွေ့လွန်းသည်မဟုတ်ပါ။အခြေအနေနဲ့အကြောင်းကြောင်းကြောင့်သာ။

Vitamin D on My skinWhere stories live. Discover now