အပိုင်း၂၀

330 41 11
                                    

Unicode 

"မစ္စတာချန်က ဒီနေ့ ယန်ယိချီနဲ့တွေ့ခဲ့ပါတယ်။ပုံစံကြည့်ရတာတော့ ကျွန်တော်တို့တွက်ဆထားသလုိ နှစ်ဦးနှစ်ဖက်အဆင်ပြေခဲ့ပုံပေါ်ပါတယ်"

အတွင်းရေးမှူးချုပ်သည် စကားကိုအဆုံးသတ်လိုက်ပြီး ဥက္ကဋ္ဌကြီးကို မျက်လုံးတစ်ချက်လှန်ကြည့်လိုက်တော့ တစ်ခုခုကိုတွေးဆနေဟန် ခပ်ရေးရေးပြုံးနေ၏။

"အနှေးနဲ့အမြန်ဒီလုပ်ငန်းကို စမယ်လို့ ငါထင်တော့ထင်ခဲ့သား။ကြည့်ရတာ ဖန်ရှင်းနဲ့လွတ်ကင်းချင်ပုံပဲ။ဘာနောက်ခံမှမရှိတဲ့၊စီးပွားရေးသမားလို့တောင်ခေါ်လို့မရတဲ့ချာတိတ်တွေနဲ့ ပူးပေါင်းတာဆိုတော့။မဆိုးပါဘူး။အလုပ်ကို ပိပိရိရိလုပ်တတ်နေပြီပဲ"

"ဟို ဒီကိစ္စကို ဥက္ကဋ္ဌလည်း သိပုံမပေါ်ပါဘူး"

"ဟေ"

အတွင်းရေးမှူးချုပ်၏စကားကြောင့် ဥက္ကဋ္ဌကြီးမှာ အာမေဍိတ်သံကျယ်ကျယ်ပြုရင်း မျက်နှာမှာလည်း အံ့ဩမှုအပြည့်။တခဏကြာမှ တစ်ခုခုကိုတွေးမိသွားပုံ တဟားဟားအော်ရယ်သည်။

"ငါအထင်ကြီးမိတာပဲ။ဒီကောင်သာလုပ်ရင် မြင်းကဆုန်ပေါက်ပြေးသွားသလို ဖုန်တထောင်းထောင်းထကျန်ခဲ့မှာပဲ။ကြည့်ရတာ ဒါကိုသိပုံရလို့ သူ့ကိုပါ မပြောတာနေမယ်။ ဟား ဟား ဟား တော်တယ် တော်တယ်"

စားပွဲကို တဖြန်းဖြန်းရိုက်ရင် အားရပါးရမျက်ရည်ထွက်မတတ်ရယ်မောနေသည့်ဥက္ကဋ္ဌကြီးကို အတွင်းရေးမှူးချုပ်ခင်မျာ နားမလည်နိုင်စွာ ငေးကြည့်နေမိသည်။

ဘောင်ကျော်နေတာမဟုတ်ဘူးလား။ကိုယ်ရေးအရာရှိတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်ထက်ပိုပြီး ကျော်လုပ်နေတာက သံသယဝင်စရာ၊ဒေါသထွက်စရာမဟုတ်ဘူးလား။ဘာလို့ ကျေနပ်အားရနေတဲ့ပုံပေါက်နေရတာလဲ။

"အဟား ဒီကောင် လုပ်ဖူးသမျှမှာ ဒီတစ်ခါချီးကျူးစရာအကောင်းဆုံးပဲ။ကြက်ကန်းဆန်အိုးတိုးတယ်ဆိုပေမဲ့ ဆန်ကောင်းကို ရလိုက်တာပဲ။ဒါတောင် တန်ဖိုးမသိဘူး ဟမ့်!"

"ကျွန်တော်တို့ ဘာဆက်လုပ်လိုက်ရမလဲ ဥက္ကဋ္ဌကြီး"

"ဒီအတိုင်း စောင့်ကြည့်နေ၊မသိစေနဲ့။အဲ...အရင်ပြောထားတဲ့အစီအစဥ်စလိုက်တော့"

Vitamin D on My skinWhere stories live. Discover now