အပိုင်း ၁၄

311 48 18
                                    

Unicode

"ကျွန်မတို့မူလတန်းတုန်းကပေါ့။ချင်းချင်းလေ စားပွဲခုံပေါ်တက်ဆော့တာ ဆရာမဝင်လာတော့ အမြန်ဆင်းလိုက်တာ ခြေချော်ပြီး မှောက်လျက်လဲပြီး ရှေ့သွားကျိုးသွားရော"

"ဟဲ့ နင်တို့ကလည်း ဘာတွေလျှောက်ပြောနေတာတုန်း"

"မဟုတ်လို့လား။သိလား အစ်ကို အဲ့တုန်းက သူကငယ်သွားလဲပြီးပြီဆိုတော့ သူ့မားမားဆို သွားဆေးခန်းပေါင်းစုံပြေးရတာ အမော။ကံကောင်းတယ်ပြောရမယ်။ပြန်ပေါက်လို့ ။မဟုတ်ရင် ခုသွားကျိုးမ ဖြစ်နေမှာ"

"ဟာ နင်တို့နော် ပြောလေကဲလေပဲ"

ရှက်ဝဲဝဲဒေါသသံနောက် ရယ်သံတဖွဲဖွဲက ကပ်ပါလာသည်။ပြုံးရိပ်သန်းပြီး နားထောင်နေသည့်သူကို ကြည့်မိတော့ ယွင်ရှီးရင်ထဲမောဟိုက်လာသည်။

"သူလည်း ဘာထူးလဲ။အလယ်တန်းအထိ အိပ်ရာထဲရှူးပေါက်ချတုန်း"

"ဟဲ့ အဲ့အထိမပြောနဲ့လေ"

"နင်အရင်စပြောတာလေ"

ငြင်းခုံသံ၊ရယ်မောသံတွေနဲ့လှိုင်နေသည့်စကားဝိုင်းကြား သူ့ကိုပင် သတိမရကြတော့ချေ။အလိုက်သင့်ဝင်ပြောလိုက်၊အစားတွေအပြန်အလှန်မြည်းစမ်းလိုက်လုပ်နေသည့်လူဆီ အကြည့်ရောက်,ရောက်သွားတော့ ယွင်ရှီးကိုယ့်ကိုယ်ကိုယ်စိတ်တိုချင်လာသည်။
ရှေ့ကတဖျစ်ဖျစ်တောက်လောင်နေသည့်မီးတောက်တွေလို သူ့ရင်ထဲကခံစားချက်တွေကိုတော့ ဘယ်သို့ဘယ်ပုံခွဲခြမ်းစိတ်ဖြာရမယ်မသိချေ။သူတစ်ပါးစိတ်ခံစားချက်ကို မသိဘဲပိုင်စိုးပိုင်နင်းဆန်သလုိ ဖြစ်သွားလို့ အားနာမိတာကြောင့်လား၊ ဘာကြောင့်လား လည်း မသဲကွဲ။မီးပုံကအရှိန်ဟပ်နေတာမို့ ပူလောင်လောင်ခံစားချက်ကြီးက တစ်ကိုယ်လုံးပျံ့နှံ့နေသည်။

•••

မျက်နှာကို အလင်းရောင်ထိုးလာသည့်အချိန်မှာ သူအိပ်ရာက နိုးလာသည်။ပုံမှန်နေ့တွေလို အိပ်ချင်မူးတူးမထချင်ထချင်ထရသည့်အိပ်ချင်မပြေခံစားချက်ကို ဒီနေ့မှာ မရ။အိပ်ရေးဝဝနိုးလာသည့်မနက်ခင်းလို ကြည်ကြည်လင်လင်ရှိလှသည်။
ဒီလိုမနိုးထခဲ့ရတာ ဘယ်လောက်ကြာပြီလဲ။မနက်၆နာရီလောက်ဆိုတာနဲ့ သော့ဖွင့်ဝင်လာပြီး အိပ်ရာပေါ်ကဆွဲချခံရသည့်မနက်ခင်းတွေအကြောင်း တွေးမိသွားတော့ နှုတ်ခမ်းက အလိုလိုပြုံးမိသွားသည်။
အကြောဆန့်လိုက်ပြီးနောက် အိပ်ရာကထကာ ဘေးဘက်စားပွဲပေါ်က နာရီကို ကြည့်လိုက်သည်။

Vitamin D on My skinWhere stories live. Discover now