အပိုင်း ၁၆

325 42 8
                                    

Unicode

“ခေါက်ဆွဲအစပ်  ခေါက်ဆွဲအစပ်”

“ထပ်ထည့်အုံးလေ အဲ့လောက်နဲ့ ချွေးတောင်မစို့ဘူး။ထပ်ထည့်ပါဆို!”

ဘေးကနေ တတွတ်တွတ်၊တစီစီလာပြောနေသည့်လူကို လျစ်လျူရှုပြီး ဖေးယွီခေါက်ဆွဲအစပ်ကို ထပ်မတိုးဖြစ်။ပြီးခဲ့သည့်၂ရက်က နေမကောင်းတာကို အခွင့်ရေးယူသလို နေကောင်းပြန်တော့လည်း နလန်ထစလူနာဆိုသည့်ဝေါဟာရကို ပြည့်ပြည့်ဝဝအသုံးချနေသည်။

“ကိုရီးယားကြက်ကြော်အစပ်ပါလုပ်ပေးနော်”

“လော်လောင်ရှီး”

“ခံတွင်းမလိုက်လို့လေ။မင်းပဲစားချင်တာပြောဆို”

မျက်မှောင်ကုတ်ပြောလာပုံက ဖေးယွီပဲ အလွန်ဆိုသည့်ပုံ။ ကို္ယ့်စကားနဲ့ကိုယ်မို့ နောက်ဆုံးတော့ ဖေးယွီကပဲ အလျှော့ပေးလိုက်ရသည်။
ဘယ်အချိန်ကတည်းက မျက်လုံးဒေါက်ထောက်ကြည့်နေသလဲမသိသည့်စားဖိုမှူးကလည်း ကြက်သားကို အဆင့်သင့်လာချပေးသည်။မျက်နှာကလည်း ဖေးယွီကိုတွေ့တာ နှစ်ပေါင်းများစွာကျေးဇူးပြုဖူးသည့်ကျေးဇူးရှင်ကို တွေ့လိုက်ရသလိုပုံမျိုး။မတွေ့ရသည့်ရက်ပိုင်းလောက်မှာ အရာရာဟာအပြောင်းအလဲကိုယ်စီ။

“ငါအလုပ်နောက်ကျမှာစိုးလို့ ညဘက်တွေ မအိပ်ဖြစ်ဘူး။အိပ်ရာမနိုးတာထက် မအိပ်တာက ပိုအဆင်ပြေမယ်ထင်လို့”

“...”

“အဝတ်အစားရွေးရတာလည်း ဒုက္ခတစ်မျိုးပဲ”

“...”

“မနက်စာလည်း ဘယ်တော့မှ မမှီဘူး။ရုံးမှာလည်း မစားချင်ဘူး”

ခေါက်ဆွဲကို တူနဲ့မွှေနေရင်းက ပြောလာသည့်စကားတွေကို ဖေးယွီငြိမ်ငြိမ်လေးနားထောင်နေမိသည်။

“အဲ့တာမို့ မင်းအကျင့်တွေ မလုပ်ပေးပါနဲ့”

“လစာတိုးပေးလေ”

“ဟမ်”

“အိပ်ရာနိှုးပေးတာ၊အဝတ်ကူရွေးပေးတာ၊မနက်စာလုပ်ပေးတာ၊ညဘက်အိပ်ရာဝင်ဖို့ တိုက်တွန်းတာတွေက လုပ်ငန်းခွင်ပြင်ပအလုပ်တွေလေ။အရင်က အချင်းချင်းမို့  စေတနာနဲ့လုပ်ပေးတာ။လစာသာပေးရင် နောက်ခုလိုမဖြစ်တော့ဘူးပေါ့”

Vitamin D on My skinWhere stories live. Discover now