အပိုင်း ၁၈

299 37 15
                                    

Unicode

“sorry... မနေ့ညက ငါတအားလွန်သွားတယ်”

အနောက်ဘက်တွင်တရိပ်ရိပ်ကျန်ခဲ့သည့်လယ်ကွင်းတွေ၊တောင်တန်းတွေကို ငေးကြည့်နေသည့်လူက ယွင်ရှီးဘက်ကို ယောင်လို့ပင် လှည့်မလာ။မနေ့ညက ဆန်အရက်တွေက အဲ့လောက်ပြင်းလိမ့်မယ်လို့ ယွင်ရှီးလည်း မထင်ခဲ့မိ။တဖြည်းဖြည်းနဲ့တစိမ့်စိမ့်မူးလာလိုက်တာ ညသန်းခေါင်ရောက်တော့ သူသတိလွတ်သွားတော့သည်။မနက်မိုးလင်းမှ တစိမ့်စိမ့်တွေးပြီး တရိပ်ရိပ်အားနာနေရသည့်အဖြစ်။

သူက အရက်ကို အတိုင်းအတာတစ်ခုထိကောင်းကောင်းသောက်နိုင်ပေမဲ့ အဲ့အတိုင်းအတာကို ကျော်လွန်သွားရင်တော့ သူ့၏အခြားတစ်ခြမ်းက ထွက်ပေါ်လာတတ်သည်။ဟိုအရင်ကျောင်းတက်စဥ်ကာလတွေတုန်းကဆို သူ့လျှို့ဝှက်ချက်ကိုသိသည့်သူငယ်ချင်းတွေက သူတို့ projectတွေပိပြီး stressတွေများလာတိုင်း ယွင်ရှီးကို မမူးမူးအောင် တိုက်တတ်သည်။မူးလာသည့်ယွင်ရှီးကလည်း တရုတ်၊ကိုရီးယား၊ဟောလိဝုဒ်၊ဘောလိဝုဒ်မကျန် ကြည့်ဖူးသမျှdramaတွေ၊ရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းတွေကို သရုပ်ဆောင်တော့သည်။ခုတစ်ခါထပ်မံအလှည့်ကြသည့်ပရိသတ်ကတော့ ကံထူးသူမစ္စတာချန်ပင်။

“ငါကအဲ့လိုပဲ။အသိစိတ်လွတ်နေတာတော့ မဟုတ်ပေမဲ့  ထိန်းလို့မရဘဲ လျှောက်လုပ်မိရော”

နေကာမျက်မှန်အမဲကိုတပ်ပြီး  ကားထဲမှာတစ်ယောက်ထဲကွက်နေပူနေသည့်လူကို ကြည့်ပြီး ယွင်ရှီးနှုတ်ခမ်းမဲ့ပစ်လိုက်သည်။

ဟမ့်!  ဒီလောက်တောင်းပန်နေတာကို  အဖက်တစ်ချက် မလုပ်ဘူး။လူပဲ တောင်းပန်ရင် ခွင့်လွှတ်တတ်ရမှာပေါ့။တကယ်ပဲ သူ့တုံ့ပြန်ပုံကြီးကိုကြည့်ပြီး သေလောက်တဲ့အပြစ်ကျူးလွန်မိထားသလို ခံစားလာရတယ်။

“မင်း---”

“လော်လောင်ရှီး!  တဆိတ်လောက် တိတ်တိတ်နေပေးလို့ရမလား။ညကခင်ဗျားလုပ်တာ တစ်ရေးမှမအိပ်ရသေးဘူးနော်”

ကားထဲတွင်ဟိန်းထွက်သွားသည့်အသံကြောင့် မစ္စတာကျိုးက အထိတ်တလန့်လှည့်ကြည့်သလို ယွင်ရှီးလည်း တစ်မျိုးတစ်မည်ဖြစ်သွားသည်။

Vitamin D on My skinWhere stories live. Discover now