အပိုင်း ၂၅

345 42 8
                                    

Unicode

ဖေးယွီလက်ထဲရောက်လာသည့်ဖိုင်ကို ကြည့်ရင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။ဒီလတွေမှာ blind dateပေါင်းစုံအမည်တပ်ခံရ၊အမျိုးသမီးပေါင်းစုံနဲ့ရည်းစားဖြစ်ခိုင်းခံရပြီးနောက် ကြိုးကြိုးစားစားရရှိလာသည့်အောင်မြင်မှုမဟုတ်ပါလား။ရုံးမပြန်ခင် လက်ဆောင်ပစ္စည်းအရောင်းဆိုင်ကိုဝင်ပြီး ယူလာသည့်ပစ္စည်းတွေရယ်၊ဖိုင်ရယ်ကို ပါဆယ်ထုပ်ရသည်။စိတ်တိုင်းကျပြီဆိုမှ လိပ်စာ၊ဖုန်းနံပါတ်ပေးခဲ့ပြီး နောက်နှစ်နာရီအတွင်းပို့ပေးရန်ထပ်ခါထပ်ခါမှာပြီး ပြန်လာခဲ့လိုက်သည်။

...

"ဒီ brandထဲက အသစ်ထွက်တဲ့ seriesက မဆိုးဘူးတဲ့။နာမည်ကြီး bloggerတွေရဲ့honest reviewအပြင် အဲ့ brandရဲ့chinaရုံးခွဲမှာလုပ်တဲ့ စုနဥ်သူငယ်ချင်းရဲ့အစ်မက သုံးကြည့်ပြီးပြီ။တော်တော်အဆင်ပြေတယ်တဲ့"

"ဟုတ်လား။ကိုယ်လည်း အဲ့ brandရဲ့အရင် productတွေသုံးဖူးတယ်"

"ပြီးတော့ anti agingတဲ့"

"ဟုတ်လား တော်တော်စိတ်ဝင်စားသွားပြီ။မှာကြည့်လိုက်မယ်"

"ဒါနဲ့လေ ကောဟိုစာရေးဆရာကို သိတယ်မလား။××××လေ။သူ့ danmeiအသစ်ဒီလထဲထွက်မှာ။ ဇာတ်ကောင်တွေက အမိုက်စားနော်"

"ဟုတ်လား။ကိုယ်အလုပ်မအားတာနဲ့ ဘာမှမဖတ်ဖြစ်ဘူး။အားရင်ဝင်ဖတ်လိုက်မယ်"

အခန်းထဲက ကျွတ်စီကျွတ်စီအသံတွေက အခန်းတံခါးဟရုံနဲ့အပြင်ဖက်ကို လျှံထွက်လာသည်။ခုတလော လော်လောင်ရှီးလည်း ရှင်းစုနဥ်နဲ့အတော်အဖွဲ့ကျနေသည်။သဘောတူထားသည့်မိန်းကလေးဆိုတာကို အကြောင်းပြပြီး တစ်ယောက်က ဝင်လာသည်။တစ်ယောက်ကလည်း ခန့်ညားသည့်CEOအထာနဲ့ ကြိုဆိုသည်။ရုံးခန်းထဲရောက်ပြီဆိုတာနဲ့ ဇာတ်ကားတွေ၊ဝတ္ထုတွေ၊အနုပညာအတင်းအဖျင်းသတင်းတွေကို ဖောက်သည်ချကြ၊ထောက်ခံလိုက်ကြနဲ့ တကယ်ကိုအဆင်ပြေနေကြသည်။

"ကော စုနဥ် ပြန်လုိက်အုံးမယ်။တစ်နေရာဝင်စရာရှိလို့"

သူအခန်းတံခါးကို ဖွင့်အဝင်မှာ ရှင်းစုနဥ်က ဆိုဖာပေါ်ကထတာနဲ့ဆုံပြီး ခေါင်းညိတ်နှုတ်ဆက်လိုက်တော့ သူ့ကိုပြန်နှုတ်ဆက်သည်။

Vitamin D on My skinWhere stories live. Discover now