အပိုင်း ၁

953 65 0
                                    

Unicode

"မီးက စတော်ဘယ်ရီ။မောင်မောင်လေးက ဘာစားမလဲ။နို့ချောကလက်စားမလား။အိုရီယိုနဲ့လေ"

ပျော့ပျော့ပျောင်းပျောင်းဆံနွယ်ရှည်ရှည်၊မျက်လုံးဝိုင်းဝိုင်းနဲ့၉နှစ်အရွယ်ကလေးမလေးက သူ့ဘေးက ကော်ဖီဖျော့ရောင်ဆံပင်ကောက်ကွေးလေးတွေနဲ့၅နှစ်အရွယ်ကောင်လေးကို ခန္ဓာကိုယ်ကို ကိုင်းရင်း စိတ်ရှည်လက်ရှည်မေးမြန်းနေတာကို ဖေးယွီပြုံးပြီးကြည့်နေမိသည်။

ရုံးပိတ်ရက်၊ကျောင်းပိတ်ရက်တွေမှာ ပို၍စည်စည်ကားကားရှိလှသောမြို့လယ်ပန်းခြံမှကားရေခဲမုန့်ဆိုင်သည် ဖေးယွီအချိန်ပိုင်းအလုပ်တွေထဲက တစ်ခုဖြစ်သည်။တစ်ပတ်ကို တစ်ရက်၊ကျောင်းပိတ်ရက်နှင့်တိုက်ယူလို့ရတာမို့ သူ့အလုပ်တွေအားလုံးထဲမှာမှ အလုပ်အချိန်အများဆုံးရပြီး သိပ်မပင်ပန်းဆုံးအလုပ်လို့ဆိုရင်လည်း မမှား။လာသမျှဝယ်သူတွေဟာလည်း ပျော်စရာတွေရစ်သိုင်းနေတတ်ကြတာမို့ ရောင်းရသူအဖို့လည်း စိတ်ချမ်းသာရသည်။

"အဲ့တာဆို နို့ချောကလက်ပဲ မှာလိုက်မယ်နော်။သေချာပြီနော်။မီးမီးဖို့ စတော်ဘယ်ရီရေခဲမုန့်၊မောင်မောင်လေးဖို့ နို့ချောကလက်ကိုကို"

ကောင်တာရှေ့ဘက်နဲ့နဖူးစည်းမှာကပ်ထားသောmenuပုံတွေကို မျက်စိတဆုံးကြည့်ပြီးနောက်မှာ ခေါင်းညိတ်ပြလာသည့်ကောင်လေးကို ကလေးမလေးက စေ့စေ့စပ်စပ်မေးပြီးတာနဲ့ သူ့ဘက်လှည့်ပြီး နောက်တစ်ခေါက်ထပ်မှာသည်။

"ကျေးဇူးတင်ပါတယ်ကိုကို "

"ကျေးဇူး"

ရေခဲမုန့်နှစ်ခွက်နဲ့အတူ ဝန်ထမ်းတွေစားဖို့ထား,ထားသည့်အထဲက စတော်ဘယ်ရီချောကလက်တောင့်ရယ်၊နို့ချောကလက်တောင့်ရယ်ကိုပါ ကမ်းပေးလိုက်တော့ ကလေးမလေးက သွက်သွက်လက်လက်ကျေးဇူးတင်စကားဆိုသလို ဘေးကကောင်လေးကလည်း သူ့အစ်မကို တစ်ချက်ကြည့်ပြီး ကျေးဇူးတင်စကားတိုးတိုးဆိုလာသည်။

"ရပါတယ်ကွာ။လမ်းကိုသေချာကြည့်သွားအုံးနော်"

"ဖေးယွီ နေ့လယ်စာသွားစားတော့လေ။အရှေ့ဘက်ကို ရှင်းကောတာဝန်ယူလိုက်မယ်"

Vitamin D on My skinWhere stories live. Discover now