အပိုင်း ၈

388 57 12
                                    

Unicode

“အဟား  ကိုယ့်ခြေထောက်ကိုယ်သုံးပြီး ရောက်လာမယ် မထင်ထားခဲ့ဘူး။နောက်တစ်ပတ်လောက်နေရင် ကျွန်တော်က စီးတော်ယာဥ်နဲ့လာပင့်ဖိတ်ဖို့ စီစဥ်ထားတာခင်ဗျား”

“စနောက်ရမယ့်အချိန်မဟုတ်ဘူး အဘိုး။ကျွန်တော်အတည်ပြောစရာရှိလို့”

“ဥက္ကဋ္ဌကြီးလို့ ပြင်ခေါ်ပေးပါ ဥက္ကဋ္ဌ”

“ကောင်းပါပြီ ဥက္ကဋ္ဌကြီး”

ကြည့်စမ်း ပျက်သွားလိုက်တဲ့မျက်နှာ။အဲ့တာမင်းပဲစခဲ့တာမဟုတ်ဘူးလား။

ဥက္ကဋ္ဌကြီးစိတ်ထဲကနေ နှုတ်ခမ်းမဲ့ပစ်လိုက်သည်။

“ကဲ လိုရင်းပြော”

“ကျွန်တော်အလုပ်ပြန်ဆင်းတော့မယ်”

“ဟ အဲ့လောက်လွယ်လား”

ဘောပင်ကို ကမ္ဘာ့ထူးဆန်းအံ့ဖွယ်ပစ္စည်းလို လှည့်ပတ်ကြည့်ရှုနေသည့်အဘိုးကို  သူစိတ်ရှည်စွာ ကြည့်နေလိုက်သည်။တကယ်လည်း သူရှာခဲ့သည့်ပြဿနာဟာ မနည်းလှတာမို့  အဘိုးရစ်နေတာကို စိတ်ဆိုးပြဖို့ အခွင့်အရေး သူ့မှာမရှိပေ။

“ကျွန်တော်မှားခဲ့တာတွေသိပါပြီ။အလားတူပြဿနာမျိုးနောက်မဖြစ်စေရပါဘူး”

ထိုင်နေရာက ထရပ်လိုက်ပြီး ကိုးဆယ်ဒီဂရီဦးညွှတ်အရိုအသေပြုရင်း သူ့အမှားတွေအတွက် အပြစ်ခံယူဖို့ ပြင်လိုက်သည်။တကယ်ဆို ဒီထက်ဆိုးတာကို ဥက္ကဋ္ဌကြီးဘက်မှ တောင်းဆိုလာခဲ့ရင်လည်း သူ့လက်ခံဖို့အသင့်သာ။

ဒေါက်

ဥက္ကဋ္ဌကြီးလက်ထဲက ဘောပင်က စားပွဲပေါ်လွတ်ကျသွားသည်။သိသိသာသာအမူအရာပျက်ယွင်းသွားခြင်းမရှိသော်ငြား ဂရုပြုကြည့်မည်ဆိုပါက ဥက္ကဋ္ဌကြီးမည်မျှအံ့ဩသွားကြောင်း မြင်နိုင်ပေလိမ့်မည်။

မျိုးဆက်တစ်ဆက်ကျော်ပြီး သူနဲ့အကျင့်စရိုက်တွေချွတ်စွပ်တူလွန်းသည့်သူ့တစ်ဦးတည်းသော အနှီခေါင်းမာလှသည့်ကောင်ငယ်လေးဟာ ပထမဆုံးအကြိမ်ဖြင့် သူ့ကို အသနားခံသည်သတဲ့လား။
ဒီလောက်တောင်မှလား။

ငါ့မြေးမင်းကို ဒီလောင်ဇီက လက်မအကြီးကြီးပေးချင်မိတယ်။

Vitamin D on My skinWhere stories live. Discover now