အပိုင်း၆

424 52 12
                                    

Unicode

“ဟီး ဟီး ”

အခန်းတံခါးဝမှာ ခန္ဓာကိုယ်ကို တစ်ပိုင်းဖော်ရပ်ရင်းကနေ မျက်နှာချိုလှမ်းသွေးသည်။အရင်တုန်းကဆိုရင်တော့ ဒီအခြေအနေဟာ  စိတ်အနှောက်အယှက်ဖြစ်ဖွယ်ရာ အသားမကျမှုပင်။ခုတော့ ထိုလူ၏ဘယ်အပြုအမူက ဘာသဘောသက်ရောက်တယ်ဆိုတာကို ဖေးယွီရိပ်ဖမ်းသံဖမ်းမက နားလည်နေခဲ့ပြီ။

“ဘာလိုချင်လို့လဲ”

လက်ထဲကဘောပင်ကိုချပြီး သူ့ဘက်လှည့်ပြောလိုက်တော့ ဘာမှပြန်မပြောဘဲ သူ့ဘယ်ဘက်လက်ကို ဖေးယွီမြင်သာအောင် ထောင်ပြသည်။ပတ်တီးတစ်ကိုက်စာလောက်သုံးထားသလားထင်ရအောင်ပဲ သတ္တဝါနဲ့လက်နက်မမျှ လက်ညှိုးတစ်ချောင်းလုံးက ပတ်တီးဖြူဖြူအောက်မှာနစ်မြုပ်နေသည်။

“လက်က?”

“မနေ့ညက သစ်သီးဓားထိသွားတာ..”

“အဲတော့..”

“အဲ့တာ အိမ်ရှင်ကိုအကူအညီတောင်းချင်လို့။ကိုယ်ခေါင်းမလျှော်တာ ၅ရက်လောက်ရှိပြီ။ခုခေါင်းကသေလောက်အောင်ယားနေတာကွာ...အဲ့တာခေါင်းလျှော်ချင်ပေမဲ့ လက်ကအဆင်မပြေလို့..အဟဲ...ခေါင်းလျှော်ပေးပါလားလို့”

ဒီလူကတော့ တကယ်မဟုတ်တော့ဘူး။ခုတောင်းတဲ့အကူအညီက ဟိုးအရင်ဟာတွေလိုမှ မဟုတ်တာ...ဘယ်လိုစိတ်နဲ့များ အကူအညီတောင်းတာပါလိမ့်။

“လုပ်ပါဗျာ...ခေါင်းယားတာက တော်တော်အခြေအနေဆိုးနေလို့..အပြင်သွားစရာရှိတာမို့ ဆိုင်သွားဖို့လည်း မမှီတော့ဘူး။ဒီလိုပဲ အတူတူနေကြတာ တစ်ဦးအပေါ်တစ်ဦးအမှီသဟဲပြုရတာပေါ့လေ နော်..”

ဒီလူ့အသက်၃၀ကျော်ဆိုတာ အမှန်တကယ်ရောဟုတ်ပါရဲ့လား။ဒါဘယ်လောက်တောင် အကျိူးအကြောင်းမဆင်ခြင်မှုကြီးလဲ။ပြီးတော့ အမှီသဟဲ ပြုတယ်တဲ့လား။ဟုတ်တော့ဟုတ်ပါတယ်။ဒါပေမဲ့ တလျှောက်လုံး သူကချည်းပဲ ဖေးယွီကိုအမှီသဟဲပြုနေခဲ့၊ပြုဆဲ၊ပြုလတ္တံ့မဟုတ်ဘူးလား။

..

“ဟီး ဟီး ”

ရေချိုးခန်းထဲကို ရောက်တာနဲ့ Bathtubထဲဝင်ပြီး ကျကျနနနေရာယူသည်။ကြွေဇလားဘောင်ပေါ် ခေါင်းကိုမှေးတင်ပြီး နောက်ကိုလှည့်ပြီး သွားဖြီးပြသည်။အခက်အခဲဖြစ်လို့ အကူအညီတောင်းတာနဲ့ နည်းနည်းမှမတူ။နောက်ပြန်လှည့်ချင်စိတ်တဖွားဖွားပေါ်ပေါက်လာပေမဲ့ ကော်ခွက်တစ်ခွက်နဲ့ပလက်စတစ်ခုံပုတစ်လုံးကို ယူလိုက်ရင်း  သူ့ခေါင်းရင်းမှာ ဝင်ထိုင်လိုက်သည်။

Vitamin D on My skinWhere stories live. Discover now