အပိုင်း ၁၅

315 40 1
                                    

Unicode

“နောက်တစ်ခါ ကျွန်တော့်ဖို့ ကော်ဖီထည့်မစီစဥ်နဲ့ အတွင်းရေးမှူးချုပ်။ကျွန်တော်ကော်ဖီဖြတ်ထားတယ်”

မုသာဝါဒကို အလှဆင်ကာ ပြောလိုက်ရသည်။သူ့အတွက် ကော်ဖီဆိုတာ တစ်ဖက်သတ်ရန်သူပင်။ကျန်းမာရေးကြောင့်မဟုတ်ပါဘဲ သူကိုယ်တိုင်ကမနှစ်သက်တာမို့ သောက်လေ့သောက်ထမရှိပေမဲ့ ဒီနှစ်တေွမှာ ခဏခဏသောက်ဖြစ်နေရသည်။တစ်ခါတလေတော့ သူစိတ်ရင်းစိတ်မှန်အတိုင်း နေပစ်လိုက်ချင်သည်။အသေးအဖွဲအပြုအမူတစ်ခုကအစထိန်းသိမ်းနေရသည့်လုပ်ငန်းရှင်တစ်ယောက်၏နေထိုင်မှုက သူလိုလားခုံမင်ခဲ့ဖူးသည့်အနုပညာရှင်ဘဝနဲ့ ကွာခြားလှသည်တော့မဟုတ်ပေ။သို့သော်ပင်ပန်းရတာခြင်းအတူတူ ကိုယ်စိတ်ကျေနပ်တာလုပ်ပြီး ပင်ပန်းလိုက်ချင်သည့်စိတ်က သူ့ကိုယ်တွင်းကနေတစ်ခါတလေအလွန်ဆိုးရွားစွာ ထွက်ပေါ်လာတတ်သည်။

...

“ဆန်ပြုတ်တစ်ခုခုပဲ စီစဥ်ပေးပါ”

အလုပ်စားပွဲပေါ်ခေါင်းနစ်နေရင်းကနေ သူ့ဘက်ကို လှမ်းပြောလိုက်တော့ ဟုတ်ကဲ့ဆိုသည့်တိုတိုရှင်းရှင်းတုံ့ပြန်စကားကလွဲရင် ဘာမှမေးခွန်းထုတ်မလာ။

တကယ်တမ်းယွင်ရှီးမနက်ကတည်းက နေမကောင်းချင်ပါ။နားဖို့စဥ်းစားလိုက်ပေမဲ့ အလုပ်တွေအပြင် တခြားအချိန်ဇယားတွေပါ မလွတ်တာမို့ လာခဲ့ရခြင်းသာ။လူတွေပြောလေ့ရှိသည့်နေမကောင်းတဲ့အချိန်မှာ အားငယ်တတ်ကြတယ်ဆိုသည့်စကားကို သူထောက်ခံသည်။
မိဘနှစ်ပါးမရှိတော့သည့်အချိန်ကစလို့  သူ့အတွက်အထူးတလည်စောင့်ရှောက်မှုဟူ၍မရှိခဲ့။အခြွေအရံအသင်းအပင်းတွေနဲ့ မလစ်ဟင်းစေခဲ့ပေမဲ့  သူစိမ်းတစ်ယောက်ပေးနိုင်သည့်နွေးထွေးမှုအတိုင်းအတာက သူ့လိုအပ်မှုကို ပြည့်တင်းအောင် မဖြည်းဆည်းနိုင်သလို  သူကိုယ်တိုင်ကလည်း သူစိမ်းတစ်ယောက်ပေးလာမည့်ဂရုစိုက်မှုကို မလိုချင်ခဲ့ပေ။တကယ်တမ်းလိုချင်ခဲ့ပြီး ရလာတော့လည်း အမြဲတမ်းဆိုသည့်စိတ်နဲ့ လက်တွေ့ကျကျမတွေးတောခဲ့ပေ။အစိုးမရတတ်သည့်လောကကြီးမှာ တစ်ခုခုကို တရားသေလက်ကိုင်ထားလို့မရကြောင်း  သူအခုတော့နားလည်ခဲ့လေပြီ။

Vitamin D on My skinWhere stories live. Discover now