အပိုင်း ၁၀

359 51 6
                                    

Unicode

“ဒီခဲပြာရောင်လေးဆိုရင်ကော”

“အဆင်ပြေပါ့မလား”

“ပြေပါတယ်။ပိုလင်းသွားတာပေါ့”

“မျက်နှာ မျက်နှာကော အဆင်ပြေရဲ့လား။ဒီရက်ပိုင်း stressပိနေလို့  ဝက်ခြံတွေ ထွက်နေပြီ”

အနားကပ်ကြည့်လို့မှ ရေးတေးတေးသာမြင်ရသည့်အမဲစက်ကို တစ်စိတ်တစ်အိတ်လုပ်နေသူကို ဖေးယွီစိတ်ရှည်စွာနဲ့သာ ကြည့်နေလိုက်တော့သည်။

“လော်လောင်ရှီး ခုဘယ်သွားမှာ”

“ဘယ်နှခါပြောရမလဲ။ငါ့ရည်းစားဟောင်းမင်္ဂဆောင်ပါဆို”

“အော်ဟော်”

“မင်းက ဘာဖြစ်တာလဲ”

“ဩော် စဥ်းစားမိသွားတာ။လော်လောင်ရှီးစဖြတ်တာကော ဟုတ်ရဲ့လားလို့ပါ”

“ဘာ!”

သာမာန်ထက် နှစ်ဆလောက်ကျယ်ကာထွက်လာသည့်အသံက အရှိုက်ကို ကောင်းကောင်းထိသွားပုံ။

“ငါစဖြတ်တာကွ။ငါအချိန်မပေးနိုင်လို့”

“idolဆန်လိုက်တာ”

“ဘယ်လို”

နာရီပတ်နေရင်းကနေ  နားမလည်သလို စောင်ကြည့်လာသည်။

“kpop idolတွေဆို အချိန်မပေးနိုင်လို့ပြတ်တာတို့ဘာတို့လေ”

“တကယ်လည်း ဟုတ်တာပဲလေ”

“ဘယ်လို”

ဒီတစ်ခါနားမလည်နိုင်ရတာက သူပါ။

“အဲ့k idolတွေလို အချိန်မပေးနိုင်လို့ဖြတ်ခဲ့တာလေ။ငါ့ငယ်အိပ်မက်က သရုပ်ဆောင်ဖြစ်လာဖို့”

အတိတ်ကို အမှတ်ရသွားသလို ဆွေးအီအီလေးပြောလာသည့်လူက suit နက်ပြာနဲ့ငေးကြည့်ရအောင် ချောမောလွန်းနေသည်။သို့သော် ထိုလူသားကို ဝမ်းနည်းဖွယ်ရာမဆိုနှင့် ဆွေးရိပ်ပင် မသန်းစေချင်။

“နောက်တော့ ရည်းစားဟောင်းကနာမည်ကြီးမင်းသမီးဖြစ်သွားတယ်ဆိုပါတော့”

“အဘိုးကြောင့်ပါကွာ။မဟုတ်ရင်..”

“မဟုတ်ရင်..”

Vitamin D on My skinWhere stories live. Discover now