အပိုင်း ၇

408 52 4
                                    

Unicode

“အာ...အိမ်ရှင့်လက်က ဘာဖြစ်တာလဲ..”

“ဘိလပ်မြေစားသွားတာ..”

မဖြေချင်ပေမဲ့ ပါးစပ်ကအလိုအလျောက်ထွက်သွားတာမို့ ဖေးယွီကိုယ်တိုင်လည်း အံ့ဩရပါသည်။

“မနေ့က ဆောက်လုပ်ရေးဆိုက်တစ်ခုမှာ သွားလုပ်တာ..”

နားမလည်သည့်ဟန် ပြူးကြောင်ကြောင်ကြည့်နေတာမို့ နောက်ကနေထပ်ဖြည့်ပြောလိုက်သည်။

“အရမ်းပင်ပန်းတာပေါ့။တခြားအလုပ်လေးလုပ်ပါလား...”

“လောလောဆယ်လျှောက်ထားတဲ့အလုပ်တွေက အကြောင်းမပြန်သေးလို့လေ။ကျောင်းပိတ်တုန်း သင်တန်းတစ်ခုလည်း တက်ဖို့လုပ်ထားလို့”

သေသေချာချာရှင်းပြလိုက်တော့လည်း ဖေးယွီကို ခပ်တွေတွေလေးစိုက်ကြည့်သည်။သူ့ပုံက ဖေးယွီကို သနားနေသည့်ပုံ။ပုံမှန်ဆိုဖေးယွီက ကိုယ့်ကိုလာသနားတာမျိုးကို မကြိုက်ပေမဲ့ သူ့အကြည့်ကတော့ တခြားလူတွေဖေးယွီကို ကြည့်သည့်အကြည့်နဲ့ မတူပေ။ဘာလို့လဲသေချာမသိပေမဲ့ ဒီအကြည့်တေွကြောင့် အနေခက်တာတို့၊သိမ်ငယ်တာတို့ မခံစားရတာတော့အမှန်ပင်။

“အချိန်ပြည့်အလုပ်တစ်ခုသာရှိရင်  အိမ်ရှင်ဒါတွေလုပ်စရာဘယ်လိုမလဲနော်”

“ကျွန်တော့်လိုပညာတစ်ပိုင်းတစ်စနဲ့က အချိန်ပြည့်အလုပ်ဆိုတာ ဝေးလွန်ပါတယ်”

“...”

“နားလိုက်အုံးမယ်”

စားပွဲပေါ်က ပန်းအိုးကိုသာ ငေးနေပြီး ဘာမှထပ်ပြောမလာတာမို့ ဖေးယွီအခန်းဆီ ဦးတည်လိုက်သည်။

ဒီလူ့ပုံက ဖေးယွီသိနိုင်တာထက် ပိုသည်။

•••

“လာဦး..လာဦး..”

အခန်းထဲကထွက်ပြီး မီးဖိုခန်းဘက်ဆီအသွားမှာ ဧည့်ခန်းမှာထိုင်နေသည့်လူက လက်ယပ်လှမ်းခေါ်သည်။

“ဘာလုပ်ဖို့လဲ”

အနားကိုလျှောက်သွားလိုက်ပြီး သူထိုင်နေသည့်ခုံဘေးမှာ ရပ်ပြီး မေးလိုက်တော့ ရှေ့ကစားပွဲပေါ်တင်ထားသည့်sizeမျိုးစုံနဲ့ဘူးတွေကို လက်ဝါးညွှန်ပြရင်း

Vitamin D on My skinWhere stories live. Discover now