အပိုင်း ၁၉

323 37 7
                                    

Unicode

“အဲ့ဒီအစား ရုပ်ရှင်ဖြစ်ဖြစ် ဇာတ်လမ်းတွဲမှာဖြစ်ဖြစ် အရင်ရင်းနှီးမြုပ်နှံကြည့်ပါလား”

“ငါဖြစ်ချင်တာက ဖျော်ဖြေရေးလုပ်ငန်းကြီးတစ်ခုတည်ထောင်ချင်တာလေကွာ..ငါ့ကုန်ပစ္စည်းတစ်ခုကို ထိုးဖောက်ချင်ရုံသတ်သတ် မြုပ်နှံချင်တာမှ မဟုတ်တာ”

“လော်လောင်ရှီး ပြောတာ ကျွန်တော်သဘောပေါက်ပါတယ်။ဒါပေမဲ့ ဥက္ကဋ္ဌကြီးကရောလက်ခံဖို့လား”

“ဒီနေ့ခေတ်မှာ နည်းပညာနဲ့ဖျော်ဖြေရေးက ဝင်ငွေအရဆုံးလုပ်ငန်းတွေထဲမှာပါတာပဲလေ”

“ဒါပေမဲ့ လုပ်မှာကလော်လောင်ရှီးလေ”

ဖေးယွီသေသေချာချာထောက်ပြလိုက်တော့ ယွင်ရှီးခဏတော့ငြိမ်ကျသွားသည်။

“ပြီးတော့ လော်လောင်ရှီးဒီလုပ်ငန်းကို စရင် ခံစားချက်တွေမပါလာနိုင်ဘူးလို့ပြောနိုင်လား”

“မင်းပြောချင်တာက ငါကအဲ့လောကထဲဝင်မယ်လို့လား။ဒီအရွယ်ကြီးရောက်မှ Career lifeကို ပြောင်းဖို့ငါ့မှာစိတ်ကူးမရှိဘူး။ငါတာဝန်ယူရတဲ့အလုပ်အပေါ် ငါဖြစ်ကတတ်ဆန်းမထားခဲ့ဖူးဘူး”

ဖေးယွီစကားကြောင့်  သာမာန်ထက်မာသည့်လေသံနဲ့  လေးလေးနက်နက်ပြန်တုံ့ပြန်လာသည်။ထိုလူဟာ ကိစ္စတိုင်းကို ပေါ့ပေါ့ပါးပါးတွေးတတ်တယ်လို့ ထင်မြင်စရာရှိပေမဲ့ တကယ့်တကယ်တမ်းမှာတော့  ထင်တာထက်ကို လေးနက်လွန်းလှသည်။

“နိုး နိုး  အဲ့သဘောမဟုတ်ဘူး။လော်လောင်ရှီးသာ ဒီနယ်ပယ်ထဲစ,တိုးတာနဲ့ လူရောစိတ်ရော အာရုံစိုက်ရတော့မှာ။ လော်လောင်ရှီးနဲ့ ဒီလောက,က အစိမ်းသက်သက်မဟုတ်ဘူးဆိုတောင် စီးပွားရေးအရဆို တစ်ကစရမှာလေ။ပြီးတော့ တစ်ခုခုကို ကိုယ်တိုင်စိတ်ပါဝင်စားပြီးလုပ်တဲ့လူတစ်ယောက်က အဲ့အရာကို လုံးဝအပြည့်စုံဆုံးဖြစ်အောင်လုပ်ရမှကျေနပ်တတ်ကြတယ်။အနုပညာမှာဆို အဲစိတ်ကပိုလို့တောင်များအုံးမှာ။အနုပညာသမားတစ်ယောက်အနေနဲ့ ကိုယ်ချပြမယ့်အရာတစ်ခုကို perfectဖြစ်လုနီးနီးကြိုးစားချင်ကြတာ ပုံမှန်ပေမဲ့ စီးပွားရေးသမားကတော့ မတူဘူး”

Vitamin D on My skinWhere stories live. Discover now