အချပ်ပို ၁

369 42 11
                                    

Unicode

" Londonကဘယ်လိုလဲ "

(မဆိုးပါဘူး။နေလို့ကောင်းတယ်)

"အလုပ်ကရော"

(အဆင်ပြေပါတယ်။ ခုစာချုပ်ချုပ်ထားတဲ့ Agencyကလည်း တော်တော်အဆင်ပြေတယ်။စုနဥ်ကိုပဲ မေးမနေပါနဲ့။ကောကောရော အကြာကြီးနေမှ ရည်းစားပြန်ထားရတာ ဘယ်လိုလဲ)

မျက်စပစ်ရင်း ပြုံးစိစိမေးလာသည့်ရှင်းစုနဥ်ကြောင့် ယွင်ရှီးနှာခေါင်းရှုံ့မိသည်။အပြောင်းအလဲတွေဖြစ်သွားသည့်ထိုနေ့ကစ၍ ပျောက်ချင်းမလှ ပျောက်သွားသည့်လူက ပြန်လည်ဆက်သွယ်လာတော့ တိုင်းတစ်ပါးနိုင်ငံ၏မြို့တော်တစ်ခုဝယ် ရောက်ရှိနေခဲ့သည်။
ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလှလွန်းသည့်ယွင်ရှီးက သူ့ကြောင့်များလားဆိုသည့်သံသယစိတ်နဲ့အတူ အားတုံ့အားနာဖြစ်ခဲ့ပေမဲ့ အနှီကလေးမကတော့ model agencyတစ်ခုက ကမ်းလှမ်းတာမို့ ကတိုက်ကရိုက်သွားရတာဖြစ်ကြောင်း တဟားဟားနဲ့ဖြေရှင်းလာတာမို့ ရှက်သလိုလိုပင် ဖြစ်ရသေးသည်။

"ဒီလိုပဲ ပုံမှန်လိုပါပဲ"

(ဟမ် ဘယ်လိုပုံမှန်လဲ။ဩော် သိပြီ။မနက်အိပ်ရာနိုးတိုင်း morning kissလေးနဲ့ လာနိှုးမယ်။အလုပ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ အတူသွားမယ်။ညဘက်ကျတော့ good night kissလေးနဲ့အတူ အဟင်းဟင်း။တစ်ခါတလေကျတော့လည်း ရုံးတွင်းအချစ်ဇာတ်လမ်းလေးပေါ့ အဟဲ)

ဖတ်ဖူးသမျှစာအုပ်တွေထဲက romance sceneတွေကို ကြုံရာကျပန်းစိတ်ကူးတည့်ရာလျှောက်ပြောနေသည့် ရှင်းစုနဥ်ကြောင့် ယွင်ရှီးအတွေးတွေက နိစ္စဓူဝသူဖြတ်သန်းရသောနေ့ရက်တွေဆီ ရောက်ရှိသွား၏။

မနက်ခင်းတွေဆိုလျှင် ၇နာရီဒေါင်ခနဲမြည်တာနဲ့ အခန်းထဲရောက်လာကာ ပထမဆုံးအကြိမ် လေပြေလေးနဲ့နှိုး၏။ဒုတိယအကြိမ် အသံအနည်းငယ်ကျယ်လာပြီး ပခုံးကို လှုပ်ခါရင်း နှိုး၏။တတိယအကြိမ်ဆိုလျှင်တော့ စောင်ကိုဆွဲလှန်ပြီး လူကို ရေချိုးခန်းထဲအထိ ချီပြီး ရေချိုးကြွေဇလုံထဲ ပစ်ချသည့်နည်းကို သုံး၏။ဝူးဝူးဝါးဝါးနဲ့ အိပ်ရာကလန့်နိုးလာသည့်ယွင်ရှီးက ရေချိုးကန်ထဲမှာ လက်ရှိကာလရောက်အောင် စက္ကန့်ပိုင်းလောက်အချိန်ယူပြီးမှ ရေချိုးသမှုပြုပြီး သူပြင်ဆင်ပေးထားသည့်ဝတ်စုံကိုဝတ်၊မနက်စာကိုစား ရုံးကိုသွားကြသည်။တစ်နေ့ခင်းလုံး စာရင်းဇယားတွေ၊အမြုပ်ထွက်မတတ်ငြင်းခုံရသည့်အစည်းအဝေးတွေနဲ့ လူမှုရေးပွဲတွေပြီးနောက်မှာ နွမ်းနွမ်းနယ်နယ်နဲ့အိမ်ပြန်လာကြပြီး ရုပ်ရှင်လေးနည်းနည်းပါးပါးကြည့်ပြီးတာနဲ့ ဘေးကစံတော်ချိန်လူသားနာရီက အိပ်ဖို့လောဆော်တော့သည်။တချို့ပိတ်ရက်တွေမှာတော့ campထွက်ဖြစ်ကြပေမယ့် တော်တော်များများကတော့ အိမ်မှာသာ နေဖြစ်ကြသည်။သို့သော် ပုံမှန်တော့မဟုတ်၊ဖျော်ဖြေရေးလုပ်ငန်းကိစ္စကလည်း မပြီးပြတ်သေးတာမို့ ထိုအတွက်လည်း သီးသန့်အချိန်ပေးရသေးတာကြောင့် ရုံးပိတ်ရက်ပင် နားနားနေနေမရှိရ။

Vitamin D on My skinWhere stories live. Discover now