အပိုင်း ၁၇

313 41 7
                                    

Unicode

"wow wow အရမ်းမိုက်တာပဲ ဝူးးးး"

ပါးစပ်အဟောင်းသားနဲ့ တောသားမြို့ရောက် မဟုတ်သေး မြို့သားတောရောက်ဖြစ်နေသည့်လူကို ကြည့်ပြီး ဖေးယွီပါ ပျော်လာသလိုလို။ဖွင့်ပွဲအခမ်းအနားပြီးရင် ပြန်မယ်စီစဥ်ခဲ့ပေမဲ့ တစ်ညအိပ်ကိုအိပ်ရမှဖြစ်မယ်ဆိုသည့်ဂျီကျမှုကြောင့် ခုဒီရွာလေးမှာသောင်တင်နေရသည်။

"ဒီလောက်လှတဲ့နေရာလေးကို အိတ်ကပ်ထဲထည့်သယ်သွားလို့ ရရင်ကောင်းမှာပဲ။စိတ်ညစ်တိုင်း အိတ်ထဲက ထုတ်ပြီး ထိုင်အပန်းဖြေလို့ရအောင်"

ရှာရှာကြံကြံပြောလာတော့ မနိုင်ဘူးဆိုသည့်သဘော ခေါင်းယမ်းပြလိုက်သည်။

နုသစ်စ,စပါးခင်းတွေက အထပ်ထပ်လေယူရာယိမ်းနေသည်မှာ ရှုမျှော်မဆုံး။ခပ်ဝေးဝေးက တောင်ပြာတန်းတွေကလည်း မှိုင်းညို့နေကာ မြူငွေ့တွေ သိုင်းခြုံနေသည်။လေနှင့်အတူရောပါလာသည့်စပါးနှံအနံ့၊မြက်နံ့၊ကြာပန်းနံ့တွေကလည်း စိတ်အာရုံတစ်ခုလုံးကို လန်းဆန်းစေသည်။

"ငါတို့ငါးဖမ်းကြမလား"

အရှေ့ကလယ်ကွင်းနံဘေးရှိရေအိုင်ကို မျက်စပစ်ရင်း ပြောလာတော့ ဖေးယွီနှာခေါင်းရှုံ့မိသည်။

အကျိုးအကြောင်းမဆင်ခြင်တဲ့နေရာမှာ လော်လောင်ရှီးက နံပတ်၁ပဲ။

"ငါးမျှားတံပါလား"

"မပါပေမဲ့ အိုင်ပက်တယ်ဆိုလား။ တချို့ showတွေမှာ မြင်ဖူးတာလေ"

"ရေထဲဆင်းရမှာပေါ့"

"အင်းလေ အရမ်းနက်တဲ့ပုံမပေါ်ပါဘူး။ခြေမျက်စိလောက်ပဲရှိမှာကို"

"မဆင်းရဘူး။ရေထဲမှာ ဘာတွေရှိမှန်းမသိ"

"ရေထဲမှာဘာရှိရမှာလဲ။ငါးတွေ၊ပုစွန်တွေရှိမှာပေါ့"

"ပြောလား"

"မင်းက တကယ်လက်ပေါက်ကပ်တယ်။မင်းမဆင်းချင်နေ"

ဘောင်းဘီကို ဒူးအထိရောက်အောင် ဖြစ်သလို လိပ်တင်ပြီး ရေထဲကို အမှန်တကယ်ဆင်းဖို့ ပြင်သည်။လယ်ကန်သင်းရိုးပေါ်လျှောက်နေတာတောင် ဟိုယိုင်ဒီယိုင်နဲ့၊ အသက်၇၀ကျော်သူ့အဘိုးထက် ပိုတုန်ချိပြနေတဲ့လူက ရေထဲကိုဆင်းဦးမတဲ့လား။

Vitamin D on My skinWhere stories live. Discover now