အပိုင်း ၅

425 56 4
                                    

Unicode

ခြံတံခါးဖွင့်ဖွင့်ချင်း  ခြံထောင့်ကအပန်းဖြေရိပ်သာဆောင်၏ခုံတန်းပေါ်မှာ ထိုင်ပြီးဖုန်းသုံးနေသောလူကို မြင်လိုက်ရတာကြောင့်  ဖေးယွီအံ့ဩသွားသည်။

ပုံမှန်ဒီအချိန်ဆို သူdramaတစ်ခုခုကြည့်နေကျမလား။

ခြံတံခါးဖွင့်သံကြောင့် ခေါင်းထောင်လာသည့်လူကလည်း သွားအဖြဲသားနဲ့ မတ်တပ်ထရပ်ပြီး ဖေးယွီရှိရာလျှောက်လာသည်။

“ဖြေနိုင်လား ”

“အင်း  ဖြေနိုင်တယ်”

“ပေး”

အနားတိုးကပ်လာပြီး လက်ဝါးဖြန့်ပြောလိုက်တာမို့ ကြောင်အမ်းသွားတော့ ပခုံးပေါ်လွယ်ထားသည့်အိတ်ကို မေးဆတ်ပြသည်။

ဒီအခြေအနေက...

“အဟား အိမ်ရှင်ကလည်း အူကြောင်ကြားလေး။ဒီရက်ပိုင်းစာကြည့်တာများလို့ ထင်ပါရဲ့”

ဘေးချင်းယှဥ်ရပ်ရင်း ပခုံးကို လက်နဲ့သိုင်းဖက်လိုက်တာမို့ လူကအလိုအလျောက် ဒူးကွေးပေးလိုက်ရသည်။

“ဒီညစာ ကိုယ်တာဝန်ယူတယ်နော်။အိမ်ရှင်မှာချင်တာသာမှာ”

တင်ထားသည့်လက်နဲ့ပခုံးကိုပုတ်ရင်းပြောလာသောသူကို စောင်းငဲ့ကြည့်လိုက်တော့  ပုံမှန်အတိုင်းပဲ ကရားရေလွှတ်ပြောရင်း ရှေ့ကိုသာ ကြည့်နေလေတယ်။အလျင်အမြန်ပြောင်းလဲသွားသလို ထင်ရသည့်သူတို့၏ဒီအခြေအနေက မျက်လုံးပြူးစရာလို့ ထင်စရာရှိပေမဲ့ ဒီကာလတွေမှာ ဖေးယွီကြုံခဲ့ရတာတွေက ဖေးယွီအပြင် ဘုရားသာ သိလိမ့်မည်။

“အိမ်ရှင်ဘာရှာနေတာလဲ”

“ခေါက်ဆွဲထုပ်”

“ဩော် မနေ့ညက ကိုယ်စားလိုက်တယ်လေ”
..

“အိပ်ရာခင်းပေါ်  ကိုလာတွေမှောက်ကုန်လို့ အိပ်ရာခင်းအပိုရှိရင် ငှားပါလား အိမ်ရှင် ”

“ယူသွားပြီနော်”

...

“အိမ်ရှင်ရေ ကိုယ့်အခန်းထဲက မီးလုံးကျွမ်းသွားပြီးထင်တယ် ကူလဲပေးပါအုံး”

....

“မီးကခုထိပြန်မလာသေးဘူး  ကိုယ့်ကိုသန့်စင်ခန်းခဏလိုက်ပေးပါအုံးလား အိမ်ရှင်”
.....

Vitamin D on My skinWhere stories live. Discover now