အပိုင်း ၁၂

315 44 7
                                    

Unicode

“မင်းဘယ်မှာသွားလုပ်လိုက်တာလဲ”

အရသာနဲ့သေချာစွာနှပ်ထားသည့်ငါးသုံးကောင်ကို ကြည့်ရင်း မေးခွန်းထုတ်လိုက်တော့ ဝါးချွန်,ချွန်နေရင်းကနေ မျက်လုံးလှန်ကြည့်လာသည်။

“ဟိုဘက်ထောင့်မှာ  အိမ်ရှိတယ်လေ။လာတုန်းက မမြင်ဘူးလား”

“ဟင့်အင်း”

“ဖြစ်ရမယ်”

တော်သင့်ပြီ။ဒီတစ်ခါတော့ ဘယ်လိုမှသည်းမခံနိုင်တော့။

“နေပါဦး  မင်းကဘာဖြစ်ချင်နေတာလဲ”

အပျင်းပြေဝါးဖို့ ခူးလာသည့်မြက်ရိုးရှည်ရှည်ကို  သူ့ရေှ့ပစ်ချရင်း မေးလိုက်တော့ အကြောင်သားမော့ကြည့်လာသည်။

“ဘာမှမဖြစ်ချင်ဘူး”

ကဲ ကောင်းရော။
ဒီနည်းနဲ့ဒီဆရာရင်အုံတနွေးနွေးဖြစ်အောင်လုပ်တယ်ပေါ့။ကောင်းပြီ  တပည့်လေးဘာဖြစ်နေမှန်း  ဒီဆရာကောင်းကောင်းသိတာမို့  ဒီဆရာတာဝန်အပြည့်ယူမယ်။

“ရုပ်ကလေးက ချောပုံချောပန်းနဲ့ ဒီလိုစူပုပ်နေရင်  ဘယ်သူကကြိုက်မလဲ”

ထိပ်ဖျားချွန်ပြီးသား ဝါးချွန်၏ဘေးသားတွေကို ဓားနဲ့ချောမွတ်နေသည့်လူက ယွင်ရှီးစကားကို ကြားသည်ဟုပင်  ယူဆဟန်မပေါ်။
မင်းပဲ တင်းခံနိုင်မလား ဒီဆရာလျှော့နိုင်မလား  ကြည့်ကြသေးတာပေါ့။

”ခုခေတ်ကောင်မလေးတွေက ပညာတတ်လူရည်မွန်လေးတွေကိုပဲ  ကြိုက်တတ်ကြတာ။မျက်နှာထားတင်းတင်းနဲ့  တလောကလုံးကစိတ်ဆင်းရဲမှုအသွယ်သွယ်ကို တစ်ကိုယ်တည်းခံယူနေရသလို စူပုပ်ပုပ်ရုပ်မျိုးကို ဘယ်ကောင်မလေးက အနားကပ်ရဲမှာလဲ”

စစ်ပွဲထွက်မယ့်စစ်သည်တော်လေးပြင်နေသလို  တံစို့ထိုးမယ့်ဝါးတံကို  မျက်လုံးတစ်ဖက်မှိတ်ရင်း  ကြည့်လိုက်၊ဓားနဲ့ထပ်ချွန်လိုက် တသသလုပ်နေသည့်လူ၏နောက်ကျောကို ပစ်မှီလိုက်တော့ ကိုယ်ရှိန်ပျက်ပြီး ရှေ့ကိုအနည်းငယ်ယိုင်ထိုးသွားသည်။

“ဘယ်လိုဖြစ်နေတာလဲ ခင်ဗျား။ဒီမှာ အချွန်တွေဓားတွေကိုင်နေတာနော်”

Vitamin D on My skinWhere stories live. Discover now