အပိုင်း ၂၃

320 42 12
                                    

Unicode

လက်ကိုင်ဘုကို ဆွဲလှည့်ဖို့ပြင်နေတုန်းမှာ ချောက်ဆိုသည့်အသံနဲ့အတူ အထဲက ဖွင့်လိုက်တာမို့ တံခါးဝမှာ နှစ်ယောက်သားကြောင်အမ်းအမ်းအကြည့်ချင်းဆုံသွားသည်။

ဝတ်စုံပြည့်နဲ့ရှေ့ကလူကို ခြေဆုံးခေါင်းဆုံးတစ်ချက်အကဲခတ်ပြီး ဖေးယွီရှေ့ကနေ ဆင်းလာလိုက်သည်။ကြွေရောင်ပြောင်လက်နေသည့်စားပွဲရှည်ကြီးပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်အကွာအဝေးတစ်ခုလောက် ခွာရင်း မနက်စာကို တိတ်တဆိတ်စားကြသည်။မနက်ခင်းတိုင်း၏ စကားသံတစီစီနေရာမှာ ယခုတိတ်ဆိတ်မှုက ကြီးစိုးနေလေတော့ စားဖိုမှူးကလည်းအနေကျုံ့ဟန် အခန်းထောင့်မှာ ရပ်ရင်း လိုတာဖြည့်ပေးဖို့ အကဲခတ်စောင့်ကြည့်နေသည်။

ကားထဲရောက်တော့လည်း အပူပေးစက်သံကိုပင် ကြားရလုနီးနီးတိတ်ဆိတ်နေတာမို့ အင်မတန်အေးစက်သည့်မစ္စတာကျိုးပင် နောက်ကြည့်မှန်ကနေ မကြာခဏလှည့်ကြည့်လာသည်။

အခြေအနေ၏ကွဲအက်နေမှုက ကာယကံရှင်တွေတင်မက၊ ဘေးပတ်ဝန်းကျင်ကိုပါ ရိုက်ခတ်စေသည်။

"morningပါ ဥက္ကဋ္ဌ"

လျှောက်လမ်းစင်္ကြံတစ်လျှောက်မှာတွေ့သည့်ဝန်ထမ်းတွေက နှုတ်ဆက်တော့ သူ့ရှေ့ကလူက အလိုက်သင့်ခေါင်းညိတ်ပြသည်။

ဓာတ်လှေကားထဲရောက်တော့ အခြေအနေက ပို၍ပင်တိတ်ဆိတ်သွားသေးသည်။ဖေးယွီသည် ရှေ့ကတရွေ့ရွေ့တက်နေသည့်နံပါတ်တွေကိုပဲ အာရုံပို့ပြီး စိုက်ကြည့်နေလိုက်သည်။

၂လွှာ

၄လွှာ

၆လွှာ

၈လွှာ

၁၀လွှာ

၁၂လွှာ

၁၄လွှာ

" အရေးပေါ်ဖြစ်လို့ သူငယ်ချင်းတစ်ယောက်။ဒီမှာမရှိဘူး သူ့မိသားစုက။ခွဲစိပ်ဖို့ လိုအပ်နေလို့။ မနေ့က "

Ting!

ဓာတ်လှေကားတံခါးပွင့်သွားပေမဲ့ နှစ်ယောက်စလုံးခြေတစ်လှမ်းမရွေ့ဖြစ်။ဖေးယွီက အဆီအငေါ်မတည့်သည့်စကားတွေကို အတွေးနဲ့စာပြန်စီနေသလို သူ့ရှေ့ကယွင်ရှီးကလည်း ဖေးယွီကို ငေးစိုက်ကြည့်နေသည်။

Vitamin D on My skinWhere stories live. Discover now