အပိုင်း ၃

472 62 2
                                    

Unicode

[ရေချိုးခန်းထဲမှာ သွားတိုက်တံအသစ်တစ်ချောင်းတွေ့လို့ ကိုယ်ယူတိုက်လိုက်တယ်။စိတ်မပူပါနဲ့ ကိုယ်ပြန်လာရင် အစားပြန်ပေးပါ့မယ် ဟီးဟီး]

အရေးအသားမြင်တာနဲ့ စိတ်ထဲမှာရုပ်ပါတွဲပြီးမြင်လာသည်အထိ ထိုလူဟာ သူ့အားလွှမ်းမိုးလွန်းနေသည်။သက်ပြင်းရေးရေးချရင်း လက်ထဲက sticky noteစာရွက်ကို ဘေးကအမှိုက်ပုံးထဲထည့်လိုက်ပြီး ရေခဲသေတ္တာဖွင့်လိုက်ပြန်တော့  စီတန်းထားသည့်ချောကလက်နို့ငါးဘူးမှာ တစ်ဘူးလျော့နေပြန်သည်။

ဖေးယွီကောင်းကင်ဘုံတက်လှမ်းဖို့လည်း မရည်ရွယ်ထားပါဘူး။ဒါကိုတောင် ဘယ်လိုကံကြမ္မာကများ ဖေးယွီ၏သည်းခံနိုင်စွမ်းကို စမ်းသပ်ချင်နေပါလိမ့်။

•••

“ဖေးယွီရေ  ဝိုင်းနံပါတ်၂က အားတော့မယ်နော်။ထွက်တာနဲ့ အမြန်သိမ်းချေ။စောင့်နေတဲ့လူတွေရှိတယ်”

“ဟုတ်”

ဘေးကဖြတ်သွားသည့်စီနီယာဝန်ထမ်းက တိုးတိုးကပ်ပြောသွားတာမို့ ဖေးယွီအသင့်အနေအထားနဲ့ စောင့်ကြည့်နေလိုက်သည်။
ညနေ၄နာရီကနေ ည၈နာရီအထိသာ ဖွင့်သည့်ဤထိုင်းရိုးရာစားသောက်ဆိုင်က လူကြိတ်ကြိတ်တိုးစည်ကားလှတာမို့ ဝန်ထမ်းအင်အားလည်း အတော်သုံးရသည်။
ဖေးယွီဒီမှာအလုပ်ရတာတော့ သိပ်မကြာလှသေး။အတန်းဖော်တစ်ယောက်ကလည်း ဒီဆိုင်မှာလုပ်တာမို့ သူကနေတဆင့်ဝင်ခဲ့ခြင်းသာ။အလုပ်တွေဇယ်ဆက်အောင် လုပ်ရတာနဲ့တန်အောင်  အချိန်ပိုင်းကြေးအပြင် အပိုဘောက်ဆူးပါရတာမို့ ပင်ပန်းပေမဲ့ လုပ်ပျော်လှသည်။တနင်္ဂနွေတစ်ရက်ကိုတော့ ကားရေခဲမုန့်ဆိုင်အချိန်နဲ့ အနည်းငယ်ကိုက်နေတာမို့ ဖေးယွီမလုပ်ဖြစ်။အမြဲတမ်းအလုပ်ဖြစ်သည့်ကားရေခဲမုန့်ဆိုင်အလုပ်ကိုတော့ သူလက်မလွှတ်ချင်ပါ။

“ဖေးယွီ ဝိုင်းနံပါတ်၄က အမှာ”

•••

“ဝှါး  အိမ်ရှင်အစောကြီး နိုးနေတာလား”

ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း မီးဖိုခန်းထဲဝင်လာသောလူကြောင့် ရုတ်တရက်ဖေးယွီလန့်သွားသည်။လက်ထဲကဆန်ပြုတ်ခွက်ကိုလည်း အလိုလျောက်ဘေးကိုတွန်းလိုက်မိသည်။
မကျွေးချင်လို့တော့မဟုတ်။တစ်ခွက်တည်း ဝယ်လာသောကြောင့်ဖြစ်သည်။မနေ့ညကတစ်ညလုံး ဘာမှမစားဖြစ်တာမို့ တစ်ခွက်တည်းသောမနက်စာကိုတော့ သဘောထားကြီးကြီးနဲ့ မမျှနိုင်ပါ။ဒီလူလုပ်တာနဲ့ ဖေးယွီမှာလည်း စိတ်ပုပ်ကောင်လုံးလုံးဖြစ်နေရပြီ။

Vitamin D on My skinWhere stories live. Discover now