အပိုင်း၁၁

313 48 4
                                    

Unicode

“မစ္စတာလော်ရဲ့မြေးလို့မပြောရဘူး။ချီးကျူးထိုက်ပါပေတယ်”

“တဆိတ်လောက် အန်ကယ် ကျွန်တော့်နာမည်လော်္ယွင်ရှီးပါ ”

“အာ  sorryပါကွာ။မစ္စတာလော်ရဲ့မြေးဆိုရင်တောင်  မင်းမို့လုပ်နိုင်တာ ငါသိပါတယ်”

“ကျေးဇူးပါ”

လနဲ့ချီဖိစီးနေသည့်ဝန်ကြီးကို လွှတ်ချလိုက်ရတော့ လူကအလွန်ကိုပေါ့ပါးလန်းဆန်းသွားသည်။ဟိတ်ဟန်ကြီးသည့်ဥက္ကဋ္ဌဆိုသည့်အရည်ခြုံကိုတောင် လွှတ်ချမိမတတ်သတိလက်လွတ်ပျော်မိသည်။

“ဘာလိုချင်လဲ”

“မင်းကိုပြောထားပြီးသားလေ။နှစ်ခါမပြောချင်ဘူး”

“သုံးဆောင်ပါဥက္ကဋ္ဌ။ဂုဏ်ယူပါတယ်”

“မခံယူဝင့်ပါဘူး မခံယူဝင့်ပါဘူး”

ခါးကိုကိုင်းညွှတ်ရင်း ကမ်းပေးလာသည့်ပိုက်တပ်လျက်သား double chocolate lavaဘူးကို လှမ်းယူလိုက်ပြီး ပါးစပ်အပြည့်တစ်ငုံသောက်လိုက်ပြီးနောက်မှာ ကိုယ်ထဲမှာ  စီးဆင်းနေဆဲချိုမြိန်မှုတွေက နှစ်ဆတိုးကဲသွားသည်။

“ကဲ ဒီဆရာဘယ်သွားရင်ကောင်းမလဲ”

ဒူးကိုနှံ့၊မေးစေ့ကို လက်ညှိုးနဲ့ပွတ်ခတ်ရင်း  အကြံထုတ်ဟန်ပုံဖမ်းနေသည့်သူ့ကို ဖေးယွီကပြုံးရင်း

“ငါးသွားမျှားမယ်ဆို”

ဟုပြောလာသည်။

“wowဟုတ်သားပဲ။ဒီဆရာမေ့နေတာပဲ။ကျေးဇူးပဲ ကိုယ့်တပည့်ကြီး။အထုပ်ပြင်ပြီး လစ်ကြစို့”

•••

တင်!

နိုတီသံနဲ့အတူ လင်းလက်သွားတဲ့phone screenကြောင့်  သတိထားမိပြီး လှည့်ကြည့်လိုက်တော့ screenပေါ်ပြေးလွှားနေသည့်လက်ချောင်းရှည်သွယ်သွယ်တွေရယ်၊အာရုံစူးစိုက်နေတာမို့တွန့်ချိုးနေသည့်မျက်ခုံးတွေရယ်ကို တွေ့လိုက်ရသည်။မသိမသာအနားကပ်တိုးကြည့်လိုက်တော့ textပို့နေခြင်းသာ။

“ဥက္ကဋ္ဌ သူများprivacyကို မစွက်ဖက်ပါနဲ့”

ဖုန်းကိုရင်ဘတ်မှာကပ်ရင်း ကိုယ်ကိုတစ်ဖက်သို့ယိမ်းကာ ပြောလာတာမို့ သူမြင်ပြင်းကပ်စွာ နှာမှုတ်သံပြုရင်း တစ်ဖက်လှည့်ပစ်လိုက်သည်။

Vitamin D on My skinWhere stories live. Discover now