အပိုင်း ၄

442 54 3
                                    

Unicode

တစ်သက်နဲ့တစ်ကိုယ်မမြင်ဖူးသောအရာမို့ လှည့်ပတ်ကြည့်ရှုနေရင်း စိတ်ဝင်စားမှုက တိုးမြင့်လာသည်။အဖုံးကို ဖွင့်လိုက်ရင်း နှာခေါင်းဝနားတေ့လိုက်တော့ ခပ်အီအီချောကလက်နံ့က တိုးဝင်လာသည်။မျက်မှောင်ကြုတ်ကာ ခြင်းခွက်ထဲပြန်ထည့်လိုက်ပြီးမှ လက်ကနောက်တစ်ကြိမ်ထပ်ရောက်သွားပြန်သည်။

မသင့်တော်။သူတစ်ပါးပစ္စည်းကို ကာယကံရှင်ခွင့်ပြုချက်မရဘဲ ယူသုံးတာ  ကျင့်ဝတ်ကောင်းမဟုတ်။

ခေါင်းကို ခပ်ဆတ်ဆတ်ခါယမ်းလိုက်ပြီး ဘေးကsizeတူတခြားဘူးဆီ လက်လှမ်းလိုက်သည်။

သုံးချင်လို့ သုံးမှာမှမဟုတ်တာ။စူးစမ်းရုံပဲကို။သူလည်း သူတစ်ပါးပစ္စည်းကို ဇိုးဇိုးဇက်ဇက်ယူသုံးတာပဲ။

နောက်ဆုံးမှာတော့ အတွေးရိုင်းကအနိုင်ပိုင်းသွားပြီး လက်၏ဦးတည်ချက်က ပြောင်းသွားသည်။

...

“morning အိမ်ရှင်”

“morning”

“ဒီနေ့ကျောင်းပိတ်ရက်မလား ”

“အလုပ်ရှိတယ်”

“ဟွန်း   အိမ်ရှင့်,မလည်း  ငယ်ငယ်ရွယ်ရွယ်နဲ့ မနိုင်ဝန်တွေများလိုက်တာ”

စိတ်ပျက်သလိုအမူအရာနဲ့ ထိုင်ခုံဆွဲယူထိုင်ရင်း စားပွဲပေါ်မေးထောက်ကာ ဖေးယွီကို ကြည့်လာသည်။ဖေးယွီကတော့ ထိုလူကိုမြင်တာနဲ့ ခံတွင်းတစ်ခုလုံးချောကလက်အရသာတွေပြည့်နှက်သွားသလိုဖြစ်သွားတာမို့ ရေတစ်ခွက်မြန်မြန်သောက်လိုက်ရသည်။

သူတို့နှစ်ယောက်ဟာ တစ်အိမ်ထဲနေ,နေပေမဲ့ မျက်နှာစုံညီရှိတာဆိုလို့ ယခုလိုမနက်ပိုင်းအချိန်တွေသာ။storeဆိုင်မသွားရသောညဘက်တွေကျတော့လည်း ဖေးယွီက အပြင်ကရောက်တာနဲ့ ရေချိုးထမင်းစားပြီး စာကြည့်စားပွဲထိုင်ရတာမို့ မဆုံဖြစ်။နေလာတာလည်း နှစ်ပတ်နီးပါးရှိပြီမို့ အရင်ကလို အထူးတလည်စိတ်မချခြင်းတွေမရှိတော့ပေမဲ့ ခေါင်းအုန်းနဲ့ခေါင်းထိတာနဲ့ ကမ္ဘာပျက်တောင်မနိုးသည့်ထိုလူသားကြောင့် ပူပန်မှုကတော့ရှိဆဲပင်။
သူတစ်ခုခုဖြစ်မှာ စိတ်ပူတာတော့မဟုတ်။တစ်ခုခုဆို အိမ်ရှင်ဖြစ်သည့်ဖေးယွီပဲ အမှုပတ်မှာ မဟုတ်ပါလား။

Vitamin D on My skinWhere stories live. Discover now