အပိုင်း ၂၄

322 49 3
                                    

Unicode

ဒေါက်!

စားပွဲပေါ် စောင့်ချလိုက်သည့်ပန်းကန်ပြားသံကြောင့် ယွင်ရှီးဆတ်ခနဲတုန်ယင်သွားသည်။မသိမသာစောင်ကြည့်လိုက်တော့ မျက်ထောင့်နီနီနဲ့စိုက်ကြည့်လာတာမို့ မြန်မြန်အကြည့်လွှဲလိုက်ပြီး ထမင်းပဲ ငုံ့စားနေလိုက်သည်။

တကယ် ကြောက်ဖို့ကောင်းတဲ့ဟာလေး။မနေ့ညက အခါတစ်ရာလောက်တောင်းပန်တာတောင် မျက်နှာထားတင်းတင်းကြီးနဲ့ အခန်းထဲက အတင်းဆွဲထုတ်သည်။မနက်ကျရင်တော့ စိတ်ပြေလောက်မှာပါလို့  တွေးထားပေမဲ့ ရုံးရောက်တဲ့အထိ အဲ့မျက်နှာတင်းတင်းနဲ့စူပုပ်ပုပ်မျက်နှာက မပျောက်ဘူး။ဝန်ထမ်းတွေကတောင် ယွင်ရှီးထက်သူ့ကိုပိုရွံ့နေရတဲ့အဖြစ်။

“ယွင်ရှီးကောကော”

ကြည်ကြည်လင်လင်အသံလေးကြောင့် လက်တလောအခြေအနေကနေ အသက်ရှူချောင်သွားသလို ခံစားလိုက်ရသည်။

“ယွင်ရှီးကောကောအားရင် ပြဇာတ်အတူတူသွားကြည့်ကြမလားလို့ လာခေါ်တာ”

“ဟုတ်လား ဒါဆိုသွား---”

“အချိန်ဇယားအပြည့်ပါဥက္ကဋ္ဌ”

အနောက်ကထွက်လာသည့်အဖျက်အမှောင့်အသံကြောင့် ယွင်ရှီးသက်ပြင်းကြိတ်ချမိသည်။

“အဟား ဘယ်လိုလုပ်ပေးရမလဲ။စုနဥ်စားချင်တာရှိလား။ကောဝယ်ကျွေးမယ်လေ”

ရှင်းစုနဥ်က အနည်းငယ်အလိုမကျသလိုဖြစ်သွားပေမဲ့ အစားဆိုတာနဲ့ မျက်နှာက ချက်ချင်းပြန်ကြည်သွားသည်။

“အဲ့တာဆို စုနဥ်မှာချင်တာမှာ,မှာနော်”

“သဘော သဘော”

..

နောက်ကျောကခံစားနေရသည့်အေးစက်စက်အငွေ့အသက်တွေကို မသိသလိုပြုရင်း အားတင်းပြုံးနေရသည်။

“ကော ဘိုင့်ဘိုင်”

“သေချာပြန်နော်”

ဩော် ဒီကလေးမနှယ် အရိပ်အကဲဒီလောက်ပြတာတောင် တစ်ချက်မသိ။စားပြီးသောက်ပြီးတာနဲ့ တန်းပြန်တော့သည်။ထွက်သွားသည့်လူ၏နောက်ကျောကို မျက်စိတဆုံးငေးရင်း ပြန်လှည့်လိုက်တော့ အေးစက်စက်မျက်နှာသေနဲ့ တည့်တည့်တိုးသည်။

Vitamin D on My skinWhere stories live. Discover now