အပိုင်း ၂၆ (ဇာတ်သိမ်း)

612 47 20
                                    

Unicode

“ဖေးယွီလေးရေ  ဖေးဖေးယွီလေးရေ   ဆရာ့ကိုလာကြည့်လှည့်ပါဦးကွာ...မင်းဥပေက္ခာပြုထားတော့ အိမ်တံခါးကတောင်  ငါ့စကားနားမထောင်တော့ဘူးကွ”

အသံလေးလေးကြီးဖြင့် အပြင်ဘက်ကနေ တဒုန်းဒုန်းထုနေသည့်အသံကြောင့် အိပ်ရာပေါ်လှဲနေရင်းကနေ ဖေးယွီထထိုင်လိုက်ပြီး ဖုန်းမီးကိုဖွင့်ကာ အပြင်ထွက်လာလိုက်သည်။

“ဖေးယွီ ဟေး....အိမ်ရှင်မောင်စိမ်းကားကြီး!ဥပေက္ခာသမားကြီး!”

တံခါးနားရောက်လေ ပိုသဲကွဲလာလေသောအသံကြောင့် မင်းတုန်းကို မြန်မြန်ဖွင့်လိုက်တော့ ပွင့်လျက်ဖြစ်နေသည့်ပြတင်းတံခါးရယ်၊ ရှေ့တိုးလိုက်တိုင်း နံရံနဲ့တိုက်မိပြီး နောက်ပြန်ပြန်လန်သွားသည့်အမူးသမားရယ်က မီးရောင်အောက်ရောက်လာသည်။

စိတ်ထဲမှာ ချဥ်တင်တင်ဖြစ်နေဆဲမို့ ရှိစေတော့လို့  ပစ်ထားလိုက်မယ် ကြံသော်လည်း  ဆောင်းလယ်ပိုင်းကိုချည်းနင်းလာ၍ အအေးကဲနေသောရာသီနှင့် အမူးသမား...။

မဖြစ်ပါဘူးလေ  အသက်ကကြီးနေပြီ။ တော်ကြာအပြင်မှာအိပ်ပြီး လေဖြတ်သွားမှဖြင့်...

“လော်လောင်ရှီး ဝင်ဖို့လုပ်နေတာပြတင်းတံခါးကြီး။ ဒီဘက်ကိုလာခဲ့။ အိမ်တံခါးက ဒီဘက်”

အင်္ကျီပခုံးစမှသာသာဆွဲကိုင်ရင်း  ပြောလိုက်တော့ အမူးသမားက ဖေးယွီကို ခပ်စွေစွေရီဝေဝေကြည့်လာသည်။

“အာ...ဖေးဖေးယွီ  ဒီဆရာရဲ့ဖေးယွီအာလေးပဲ။ထွက်မသွားဘူးပေါ့၊ဒါမှမဟုတ်ထွက်သွားမယ့်နောက်ကျောကိုငေးပြီး နှစ်ဆခံစားရလေအောင်  ဒီဆရာအိမ်အပြန်နဲ့ကိုက်ပြီးမှ ထွက်ဖို့စီစဥ်ရော့လား”

ဖေးယွီ၏မေးရိုးကို လက်နှစ်ဖက်နဲ့အုပ်ကိုင်ပြီး သူနဲ့မျက်နှာချင်းဆိုင်အနေအထားရောက်သည်အထိ ဆွဲယူနေသည်။

အနုပညာလောကက အရည်အချင်းရှိတဲ့လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပဲ။

“မဟုတ်ဘူး။ အရမ်းအေးနေတယ်။အိမ်ထဲအရင်ဝင်...နော်...လာ”

မေးရိုးကိုအုပ်ကိုင်ထားသည့် လက်နှစ်ဖက်ကို ဆွဲဖယ်ရင်း ညာဘက်လက်ဖြင့်တစုတစည်းတည်း ဆုပ်ကိုင်လိုက်ကာ အိမ်တံခါးဘက်ဆီ ဦးတည်ရသည်။

Vitamin D on My skinWhere stories live. Discover now