အချပ်ပို ၂

497 57 8
                                    

Unicode

ပါးစပ်လေးပွင့်လျက်သား ခပ်မဆိတ်ငေးကြည့်နေတာကြောင့် ယွင်ရှီးပိုလို့ပင် စိတ်တိုလာရသည်။

"လော်လောင်ရှီး ဘာလို့စိတ်တိုနေတာလဲ။တစ်ဖက်ကိုလည်း ဒီပိတ်ရက်တွေ့မယ်လို့ ပြောပြီးသားလေ။နောက်တစ်ပတ်မှ ကျွန်တော်တို့သြားကြမယ်လေ"

"ငါက စိတ်တိုတယ်တဲ့လား။ငါ့အပြစ်ပေါ့ဟုတ်လား။ကိုယ့်ချစ်သူနဲ့ကိုယ်လျှောက်လည်ချင်မိတဲ့ငါ့အပြစ်ပါ ဟုတ်ပြီလား"

ယွင်ရှီး၏ခပ်မာမာလေသံကြောင့် ဖေးယွီမှာ ခြေမကိုင်မိလက်မကိုင်မိနဲ့ တစ်ခုခုပြောချင်ပုံရပေမဲ့ ပါးစပ်ကလည်း တစ်ခုမျှထွက်မလာ။ဆက်နေလျင် ဒီထက်ဆိုးလာမည်စိုးတာကြောင့် ယွင်ရှီးထိုင်နေရာက ထကာ သူ့အခန်းကို ပြန်ဖို့ပြင်လိုက်သည်။အခန်းတံခါးဝကနေ အခန်းပြင်ရောက်သည့်အထိ ထိုင်နေရာမှ တုတ်တုတ်မလှုပ်သည့်လူကြောင့် ပိုပြီးခံပြင်းမိရကာ အခန်းထဲရောက်သည်နှင့် ခေါင်းအုံးကိုပဲ လက်သီးနဲ့ဖိထိုးနေလိုက်သည်။
...

"လော်လောင်ရှီး"

တစ်ညလုံးအိပ်မပျော်တာမို့ ပါးပေါ်ထိကပ်လာသည့်နွေးဖျဖျအထိအတွေ့ကိုရော၊တိုးဖျော့ဖျော့ခေါ်သံကိုရော ယွင်ရှီးကောင်းစွာသိရှိပေမယ့် ပေတေပြီးသာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

"မထသေးဘူးလား။အပြင်သွားဖို့ဆို"

နဖူးပေါ်ကဆံပင်တွေကို ညင်ညင်သာသာသိမ်းသပ်ပေးနေသည့်လက်ချောင်းသွယ်သွယ်တွေကြောင့် ယွင်ရှီးရင်ထဲမှာ မြင်းရိုင်းတစ်ကောင်အရှိန်နဲ့ ဖြတ်ပြေးသွားသည်။မျက်လုံးကိုလည်း အလိုလျောက်ခပ်တင်းတင်းဖိပိတ်မိသွားသည်။

"မစ္စတာယန်တို့နဲ့တွေ့မယ့်ကိစ္စကို cancelလိုက်ပြီ။ဘယ်သွားချင်လဲ။ကျွန်တော်အလုပ်လုပ်ဖူးတဲ့ရေခဲမုန့်ကားရှိတဲ့ပန်းခြံကိုသွားမလား။ပိုပြီးလူစည်ကားတဲ့မြို့တော်ပန်းခြံကို သွားမလား။ဒါမှမဟုတ် ပြဇာတ်ဖြစ်ဖြစ်၊ရုပ်ရှင်ဖြစ်ဖြစ်သွားကြည့်ကြမလား"

ကလေးတစ်ယောက်ကို စိတ်ရှည်လက်ရှည်ချော့နေသည့်ပမာ လေသံအေးအေးနဲ့ပြောလာသောလူကြောင့် နောက်ဆုံးတော့ယွင်ရှီးမျက်လုံးအစုံကိုဖွင့်လိုက်ရသည်။

Vitamin D on My skinWhere stories live. Discover now