ဖေဖေ၊မေမေတို့နဲ့ ညစာစားပြီးကတည်းက အခန်းထဲဝင်ပြီး အိပ်ရာပေါ်လှဲနေခဲ့မိတာ အချိန်ဘယ်လောက်ကြာသွားသည်လဲဆိုတာတော့ မသိတော့ပါ။
ရင်ထဲမှာအောင့်သက်သက်ကြီးဖြစ်နေပြီး မျက်စိမှိတ်လိုက်လျှင်လည်း ကိုကို့ကိုသာမြင်ယောင်နေမိသည်ကြောင့် ကြိုးစားအိပ်ပေမဲ့လည်း အိပ်စက်၍မပျော်နိုင်ဖြစ်နေရပါသည်။
အတူရှိခဲ့ရချိန်ဟာ ခဏလေးဆိုပေမဲ့ ရင်ထဲစွဲနေပြီဖြစ်တဲ့ကိုကို့အငွေ့အသက်လေးတွေကိုသာတမ်းတနေမိသည်။
ကိုကို့ရင်ခွင်နွေးနွေးကြီးထဲမှာ အိပ်စက်လိုက်ရတဲ့တစ်ညတာဟာ သိပ်ကိုကြည်နူးဖွယ်ကောင်းခဲ့သည်။ကောင်းကောင်းလည်းအိပ်ပျော်ခဲ့သည်။
ကိုကိုကြင်နာစွာနမ်းရှိုက်ခဲ့သည့် နဖူးပြင်လေးဟာလည်း အခုထိနွေးထွေးနေဆဲ။
"မနက်ဖြန်ကျ ကိုကိုလာခဲ့မယ်နော်။"ဆိုတဲ့ ခွင့်တောင်းခြင်းလား၊ကြိုတင်အသိပေးခြင်းလား၊ဖျောင့်ဖျပေးခြင်းလား၊ဘယ်လိုရည်ရွယ်ချက်မျိုနဲ့ပြောသလဲဆိုတာ မသိရတဲ့ ကိုကို့စကားတစ်ခွန်းနဲ့တင် မနက်ဖြန်ကိုအမြန်ဆုံးရောက်ချင်နေမိပြီဖြစ်သည်။ကိုကို့ကြောင့်ပေါ့...အရိပ်ဘဝမှာ တစ်ခါမှမလုပ်ဖူးခဲ့တဲ့အရာတွေကိုတောင်လုပ်တတ်ခဲ့ရတာ။တစ်ခါမှ မခံစားဖူးတဲ့အရာတွေတောင် ခံစားတတ်ခဲ့တာ။
မိဘကိုတစ်ခါမှမလိမ်ညာခဲ့ဖူးတဲ့အရိပ်က "ကိုကိုနဲ့နှစ်ဦးသဘောတူ ခိုးရာလိုက်ပြေးခဲ့တာပါ။"လို့ လိမ်ညာခဲ့မိတယ်။
မနေ့က ကိုကိုအိပ်ပျော်နေတော့ ကိုကို့မျက်နှာချောချောကို အရိပ်ခိုးကြည့်မိခဲ့တယ်ကိုကို။နောက်ပြီး ကိုကို့မျက်ခုံးမွေးထူထူတွေကို တို့ထိခဲ့မိတယ်။နီဆွေးဆွေးကိုကို့နှုတ်ခမ်းတွေကိုလည်း အရိပ်လက်မလေးနဲ့ခပ်ဖွဖွလေးပွတ်သက်ခဲ့မိသေးတယ်။
ကိုကိုနိုးသွားရင်ဆူခံရမှာကြောက်လို့ အရိပ်,ကိုကို့ရင်ခွင်ထဲမှာ ကွေးကွေးလေးပြန်အိပ်နေရင်း ကိုကို့ရင်အုပ်ကျယ်ကျယ်ကြီးကိုလည်း ခိုးနမ်းခဲ့မိပြန်တယ်။
အရိပ်ငရဲကြီးမှာလားဟင်။
မေမေကပြောဖူးတယ်။
သူများမသိအောင်ခိုးလုပ်တာကလည်းအပြစ်ပဲတဲ့။သေရင် ငရဲကျမယ်တဲ့။ဒါဆို အရိပ်ငရဲကျတော့မှာပေါ့နော်။
ဒါပေမဲ့လေ အဲ့အချိန်တွေတုန်းက အရိပ်တကယ်ပျော်ခဲ့တယ်သိလား။
ကိုကို့ရင်ခွင်နွေးနွေးကြီးရဲ့ အငွေ့အသက်လေးတွေကိုလည်း တကယ်သဘောကျတယ်။
ရင်တွေလည်းအများကြီးခုန်တယ်။
YOU ARE READING
The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}