16 (Zawgyi)

6.9K 183 8
                                    

ကစားကွင်းမရောက်ခင် ဆိုင်တစ်ဆိုင်သို့ဝင်၍ နေ့လည်စာ,ဝင်စားဖြစ်ကြသည်။
၁၂နာရီတောင်ကျော်ပြီဆိုတော့ ကလေးလေးလည်း ဗိုက်ဆာနေလောက်ရောပေါ့...။
မနော်ရမံကစားကွင်းသို့သွားနေခြင်းဖြစ်တာကြောင့် ကစားကွင်းမရောက်ခင် ၆၂လမ်းပေါ်က ဆိုင်တစ်ဆိုင်တွင် ဝင်ထိုင်ဖြစ်ကြသည်။
Private family room တစ်ခုအား နေရာယူလိုက်ပြီး ကျွန်တော်တို့၆ဦးစလုံး အတူတကွထိုင်ဖြစ်ကြသည်။
ကျွန်တော်နှင့်အရိပ်လေးက စားပွဲဝိုင်းရဲ့ထိပ်ဆုံးမှာကပ်လျက်အတူထိုင်ရသော်လည်း ကောင်းသန့်နဲ့နေမျိုးတို့ကတော့ သူတို့ရည်ရွယ်သူကလေးတွေနှင့် အတူမထိုင်ရ...။
ဟိုကလေးနှစ်ယောက်ကလည်းလည်သည်။
သူတို့ချင်းလက်တွဲထားပြီး ဘေးချင်းကပ်လျက်ခုံတွေမှာ ဝင်ထိုင်သွားကြတာဖြစ်သည်။
ကောင်းသန့်နဲ့နေမျိုးကတော့ သူလေး‌တို့၏မျက်နှာချင်းဆိုင်ကနေသာ အမျှော်ပြေထိုင်နေကြရသည်။

မိမိကလေးလေးကတော့ မိမိ၏ဘေးခုံလေးတွင်ထိုင်ကာ menu စာအုပ်ကိုကြည့်လိုက် လက်ထိပ်ကလေးကိုကိုက်၍စဉ်းစားဟန်ပြုလိုက်ဖြင့် အသည်းယားစဖွယ်ကလေးလုပ်နေသည်။
အားလုံးလည်းမှာပြီးချိန်,နောက်ဆုံးမှ စားပွဲထိုးဘက်သို့လှည့်ကာ...

"ဟော့ပေါ့တစ်ပွဲပေးပါဗျ။"ဟု ယဉ်ယဉ်ကျေးကျေးကလေးဆိုသည်။

"ခဏနေဦး။ ဟော့ပေါ့ကိုနှစ်ပွဲချပေးလိုက်နော်။
နောက်ပြီး ပုစွန်များများချပေး။ငုံးဥတို့ တခြားစားကောင်းမဲ့အသားလေးတွေ၊ပင်လယ်စာလေးတွေ စုံစုံလင်လင်များများစားစားလေးချပေးနော်။
ကျသလောက်ကိုရှင်းပေးမယ်။ငါးတွေ၊ငါးဖယ်တွေတော့ချမပေးနဲ့ အစ်ကို့ကလေးလေး အရိုးမျက်မှာစိုးလို့။"

တစ်ပွဲထဲဆို ကလေးလေးမဝမှာစိုး၍ မိမိကပဲကြားထဲက ခရေစေ့တွင်းကျ သေချာမှာပေးလိုက်သည်။
စားပွဲထိုးညီလေးကတော့ ပြုံးစိစိ။
ချစ်သူငယ်ချင်းကြီးနှစ်ယောက်ကလည်း ‌ပိုကိုပိုတယ်ဆိုတဲ့အထာမျိုးဖြင့် မျက်စောင်းတထိုးထိုး။
ကလေးလေးကတော့ ပါးအို့ကလေးတွေရဲလို့။

မိမိကတော့ ဘာမှမမှာဖြစ်ပေ။
ကလေးလေးရဲ့မျက်နှာလေးကိုကြည့်နေရလျှင်ကိုပဲ အချစ်တွေဖြင့် ဗိုက်ဝနေတာမျိုးဖြစ်သည်။
ကလေးလေးစားဖို့အတွက် ပုစွန်တွေအား အခွံခွာပေးဖို့ကိုပင် လက်ဆေးပြီးနေပြီဖြစ်သည်။

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now