29 (Unicode)

14.9K 783 13
                                    

"ဟင်…မောင်…"

မာန်ခက်ထန် မချိပြုံး ပြုံးလိုက်သည်။
စန္ဒာ့ကို သူ အစကတည်းက သတိပေးခဲ့ပြီးသား…။
နောက်ထပ်လာပတ်သက်ရင် သူ့အဆိုးမဆိုနဲ့လို့ အစကတည်းက သတိပေးခဲ့ပြီးသားဖြစ်သည်။
စန္ဒာက အရိပ်လေးကိုမှ လာထိတာကို…။
အဲတော့ သူ့ကို ညှာနေစရာလည်း ဘာအကြောင်းမှမရှိတော့…။

စုံစမ်းရသလောက် သူ့ဘဲ ဆေးဆွဲနေတာလည်း သိထားသည်။သူ့ဘဲတောင်းသမျှငွေကို ရက်ရက်ရောရောပေးနေတဲ့ စန္ဒာ့ရဲ့အချစ်ကလည်း သေးမှာမဟုတ်မှန်း မာန်ခက်ထန်သိလိုက်သည်။
စန္ဒာ့ရဲ့အညှာကိုကိုင်ဖို့ဆိုရင် ‌ဆေးဆွဲနေတဲ့သူ့ဘဲက အဓိကဖြစ်လိမ့်မယ်ဆိုတာ မာန်ခက်ထန် ကြိုတွေးပြီးသားလည်းဖြစ်သည်။

ဒါကြောင့် နေမျိုးနဲ့ကောင်းသန့်ကိုမှာထားတာက စန္ဒာ ဒီထက်ပိုတိုးလာရင် သူ့ဘဲကို ရဲတွေဆီ အကြောင်းကြား အမိဖမ်းပြီး စန္ဒာ့မာန်စွယ်ကိုချိုးဖို့ပါပဲ…။
အခုတော့ စန္ဒာ မာန်စွယ်ကျိုးဖို့အချိန်တန်ပါပြီ။

"မောင်…"

စန္ဒာ့လက်ထဲက ဓားပြုတ်ကျပြီး သူ့ဘဲဆီပြေးလာတော့သည်။

"မမစန္ဒာ သတိထား…။အောက်မှ ရေကွက်ကြီး…"

အရိပ်လေးဆီက အော်ပြောသံကြောင့် မာန်ခက်ထန်တို့ မြေပေါ်သို့လှမ်းကြည့်ဖြစ်လိုက်ကြသည်။
ဆီစက်ဂိုထောင်အဟောင်းကြီးဖြစ်၍ ဆီချေးတွေဖြင့် မြေတွေက စေးနေသည်။
ထိုအပေါ်မှာမှ ရေကွက်နှင့်ဆိုတော့…

"အာ့ အမလေး…"

မာန်ခက်ထန်တို့ အတွေးမဆုံးခင်မှာပဲ ရေကွက်ကြောင့် စန္ဒာ ချောလဲကျသွားသည်။
ပြေးလာတာကြောင့် လဲကျသွားသည့်အရှိန်ကလည်း ပြင်းသည်။

မမစန္ဒာဆီကို အရိပ် ပြေးသွားလိုက်သည်။
မမစန္ဒာကိုယ်လေးအားပွေ့ထူလိုက်ကာ မမစန္ဒာ့ခြေသလုံးတဝိုက်ကနေ စီးကျလာသည့် သွေးတို့ကိုကြည့်၍ အရိပ် အံ့ဩတုန်လှုပ်သွားမိသည်။
မမစန္ဒာက ကိုယ်ဝန်ကြီးနဲ့မဟုတ်လား…။

"မ…မမစန္ဒာ ရရဲ့လား…။"

"အာ့…ငါ့ ငါ့ဗိုက်အရမ်းနာတယ်…။အာ့…"

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now