13 (Unicode)

25.6K 1.5K 109
                                    

ရေချိုးခန်းထဲက ရေပန်းအောက်တွင် ရေချိုးနေရင်းမှ တစ်ချက်ပြုံးမိရသည်။
မိမိချစ်ရသူအရိပ်ကလေး၏အခန်းထဲ၌ စိတ်လိုလက်ရနေထိုင်နေရခြင်းကြောင့်လည်းဖြစ်သည်။
မိမိကလေးလေးသည် လူလေးသည်သာ နုနယ်သည်မဟုတ်…သူအသုံးပြုသည့် အသုံးအဆောင်ပစ္စည်းလေးများသည်ပင် ကလေးလေးပီသလို့နေသည်။
ရေချိုးဆပ်ပြာရည်နဲ့ချောင်းလျှော်ရည်များသည် Disney baby တံဆိပ်များဖြစ်ပြီး နုနုညံ့ညံ့ကလေးတွေလည်းဖြစ်သည်။
ကလေးလေးရဲ့ဂုတ်သားနုနုပေါ်ကရလေ့ရှိတဲ့ နို့နှစ်အနံ့ကလေးက ဤရေချိုးဆပ်ပြာကလေးမှ ဖြစ်ဟန်တူသည်။
ကလေးလေး၏ဆံနွယ်လေးတွေပေါ်ကမျောလွင့်လာတတ်တဲ့ ချစ်စရာအနံ့အသက်ကလေးတစ်ခုသည် သူသုံးသည့် shampooကလေးဆီမှဖြစ်မည်။

ခုနက ကလေးလေးရေချိုးခန်းဝင်နေတုန်း ကလေးလေး၏ခုတင်ဘေးက,စားပွဲလေးပေါ်မှာတင်ထားသည့် စာအုပ်လေးကို ကောက်ဖတ်ကြည့်မိသည်။မနေ့ကရက်စွဲနှင့်စာမျက်နှာတစ်ခုတွင် ကလေးလေးရေးထားသည့် စာကြောင်းတစ်ကြောင်းသည် လူကိုရူးခါသွားစေနိုင်ခဲ့သည်။ကြက်သီးများထသည်အထိ နှလုံးသွေးကြောတွေဆူပွက်သွားစေခဲ့သည်။ထိုစာကြောင်းလေးကိုသာ အခေါက်ခေါက်အခါခါပြန်လည်ရေရွတ်ဖတ်ရှုနေမိလောက်အောင် ထိုစာကြောင်းကလေးသည် မိမိ၏စိတ်နှလုံးသားများအားဖမ်းဆီးအုပ်ချုပ်ထားနိုင်ခဲ့သည်။
ကလေးလေးရေးထားသည်ကား
"ကိုကို့ကိုချစ်တယ်။"ဟူသော စာလုံးလေးငါးလုံးသာ။

ကလေးလေးရေချိုးခန်းထဲကထွက်လာတော့ ‌ထမင်းမစားခင်ကလဲထားသည့် ကာတွန်းညအိပ်ဝတ်စုံလေးနှင့်ပင်ဖြစ်သည်။ဒီကလေးလေးကို အသည်းယားရသည်နှင့် မိမိရူးသွားရတော့မည်ထင်၏။
အမြဲတမ်းချစ်စရာကောင်းနေသည့် ကလေးလေးကိုတော့ အပြစ်မဆိုချင်ပါ။
မိမိကိုက ကလေးလေးကိုမြင်နေရပါလျှင် စိတ်မထိန်းနိုင်တာဖြစ်သည်။
ကလေးလေးအနားတိုးကပ်သွားလိုက်ပြီး ရင်ခွင်ထဲတိုးဖက်ထားလိုက်တော့ ရေချိုးပြီးကာစ ကလေးလေးရဲ့ခန္ဓာကိုယ်က သင်းပျံ့ပျံ့ အေးအေးချမ်းချမ်းလေးဖြစ်နေခဲ့သည်။
မျက်နှာလေးတစ်ခုလုံးကလည်း ကြည်လင်နေကာ မျက်လုံးလေးတွေကလည်း အရည်လဲ့ကာရွှန်းပနေသည်။
မနေနိုင်စွာ ပါးမို့မို့လေးသို့ တစ်ချက်မွှေးကြူပြန်တော့ ရေချိုးခန်းထဲမှာတွေ့ရသည့် Baby Mind မျက်နှာသစ်ဆပ်ပြာရနံ့လေးကို ခံစားရမိသည်။ဘယ်လိုတောင် အသည်းယားဖွယ်ရာကောင်းလိုက်သလဲဗျာ။

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now