11 (Unicode) ⚠️

37.5K 1.8K 84
                                    

❗ဤ episodeတွင် 18နှစ်မပြည့်သေးသော ကလေးငယ်များနှင့် လူကြီးသူမများအတွက်ဖတ်ရန်မသင့်တော်သော အခန်းကဏ္ဍများပါလာနိုင်ပါသည်။မိမိကိုယ်မိမိ လက်ခံနိုင်ပါသလား ဆုံးဖြတ်ပြီးမှ ဖတ်ရှုစေလိုပါသည်ဗျ။အသုံးအနှုန်းများကိုတော့ အတတ်နိုင်ဆုံး မရိုင်းအောင်ထိန်းထိန်းသိမ်းသိမ်းရေးပေးထားပါသည်။❗

>>>>>>>>>>
<<<<<<<<<<

ကျွန်တော်တို့မောင်းနှင်လာသော ကားကလေးသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဆီသို့...။
ကွန်ကရစ်ခင်းလမ်းဖြစ်ရာ လမ်းနှစ်ဖက် ခြောက်လမ်းသွားလောက်ကျယ်တာမို့ စိတ်ထင်တိုင်းကြဲမောင်းလာခဲ့လိုက်သည်။
ဘေးတစ်ဖက်တစ်ချက်စီတွင်လည်း လယ်ကွင်းပြင်ကြီးများသာဖြစ်ရာ လူသူလည်းကင်းရှင်းလှသည်။
အသွားအလာလည်းကျဲပါးသောကြောင့် မိမိစိတ်အဆင်မပြေတိုင်း ဒီမှာလာပေါက်ကွဲနေကျဖြစ်သည်။
အခုလည်း မိမိစိတ်ကြိုက်ပေါက်ကွဲအော်ဟစ်နေလိုက်သည်။
အရိပ်လေးကတော့ ဘေးခုံလေးမှသည် မျက်လုံးကလေးပင့်ကာပင့်ကာခိုးကြည့်နေသေးသည်။
မိမိစိတ်တိုနေသည်ဆိုတာ သူလေးနားလည်မှာပါ။
အဲ့လို ချစ်စရာကောင်းအောင်လုပ်တတ်လွန်းလို့ မိမိပို၍စိတ်တိုရသည်။
အမှန်အတိုင်း ကလေးကလားဆန်စွာပြောရမည်ဆိုလျှင် အရိပ်ကလေးကို မိမိသဝန်တိုသည်။
မိမိအရိပ်လေးကို ဟိုကောင် မထိတထိကြည့်တာမျိုးကိုပင် လုံးဝမကြိုက်။

လူသူရှင်းတဲ့တစ်နေရာမှာ ကားကလေးကိုဘေးချ၍ အရှိန်သတ်,ရပ်လိုက်သည်။
ကားထဲမှဒုန်းဆိုင်းဆင်းသွားကာ ဘေးကမျက်စိတစ်ဆုံးလယ်ကွင်းပြင်ကြီးများဘက်သို့မျက်နှာမူ၍ လက်နှစ်ဖက်အားဆန့်တန်းကာ အကြောများထောင်သည်အထိ အသားကုန်,အော်ဟစ်ပစ်လိုက်သည်။
အရိပ်လေးကလည်း ကားထဲမှ ဖြည်းဖြည်းကလေးဆင်းလာသည်။
ကုတ်ချောင်းကုတ်ချောင်းကလေးဖြင့် ကျွန်တော့်ဘေးသို့မရဲတရဲလျှောက်လာပြီးလျှင် ကျွန်တော်က အကြည့်စူးစူးကြီးဖြင့်ဆက်ခနဲလှည့်ကြည့်လိုက်တော့ ကိုယ်လေးတစ်ချက်တုန်သွားသေးသည်။
အဲ့လောက်တောင် ကလေးလေးလိုချစ်စရာကောင်းနေလို့ မိမိပို၍ခံရခက်သည်။
ဘယ်လိုစိတ်နဲ့များ အရိပ်လေးကို စိတ်ချနိုင်ရပါ့မလဲ။

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now