28 (Unicode)

14.2K 774 2
                                    

အရိပ်မျက်နှာအား ရေဖြင့်ပတ်လိုက်တာကြောင့် အရိပ်နိုးလာခဲ့သည်။
အရိပ် ဘယ်ကိုရောက်နေတာလဲ…။
အရိပ်လက်တွေလှုပ်မရ…။
ကြိုးဖြင့်နောက်ပြန်ချည်ထားတာဖြစ်သည်။
အရိပ်က အခု ဂိုထောင်ဟောင်းကြီးတစ်ခုထဲမှာ…။
ထိုင်ခုံတစ်ခုပေါ် လက်နောက်ပြန်ကြိုးချည်ခံထားရပြီး မျက်နှာကိုလည်း ရေနဲ့ပတ်ခံထားရသည်။

"ဟင်…မမစန္ဒာ…။"

အရိပ် တီးတိုးရွတ်မိသွားသည်။
မမစန္ဒာက အရိပ်အား မလိုလားသလို စူးစူးရဲရဲကြီးစိုက်ကြည့်နေတာဖြစ်သည်။
သူ့လက်ထဲမှာလည်း ရေသန့်ဘူးကြီးနဲ့…။
ဒါဆို အရိပ်မျက်နှာကို ရေနဲ့ပတ်လိုက်တာ မမစန္ဒာပေါ့…။

"အရိပ်…အရိပ် ဘာလုပ်မိလို့လဲ မမစန္ဒာရယ်…။"

"နင့်ပါးစပ်ပေါက်ကိုပိတ်ထား…။
နင်…နင်တို့တွေကို ငါမကျေနပ်ဘူး။
ငါ့အတွက်…မောင့်အတွက်…ငါ့တို့ကလေးလေးအတွက်…ငွေလိုတယ်…။
နင်…နင်တို့တွေက ငွေရှိကြတဲ့သူတွေဆိုပြီး ငါ့ကို အနိုင်ကျင့်ကြတယ်…။"

စန္ဒာ့မျက်လုံးတွေက ကမောက်ကမပါ…။
သူ့စိတ်တွေ သိပ်မွန်းကြပ်နေရပြီ။
မောင်က ဆေးစွဲ…။
ဆေးမသုံးရတာကြာပြီဖြစ်တဲ့ မောင်က မနေ့ညကတော့ သူ့ဆီ ငွေလှမ်းတောင်းသည်။
ကိုယ်ဝန်ကိစ္စတွေနဲ့မို့ စန္ဒာ့လက်ထဲလည်း ငွေမကပ်နေချိန်ဖြစ်သည်။
ညကတော့ မောင် စန္ဒာ့အပေါ် ဆဲရေးတိုင်းထွာ ပွဲကြမ်းခဲ့သည်။
စန္ဒာ့နှလုံးသားတွေ မွမွကြေမတတ် ခံစားရသည်။
ချစ်စကားတွေအမြဲပြောခဲ့သည့် မောင့်ပါးစပ်က အခုတော့ စန္ဒာ့ကို ကြမ်းတမ်းခဲ့ပြီပေါ့…။
ညက စန္ဒာ ငိုခဲ့ရပါသည်။

မနက်က မောင်နဲ့ရတဲ့ သူ့ကိုယ်ဝန်ကို အဖေသိသွားလို့ စန္ဒာ့ကို ရိုက်သည်။
အဖေရိုက်လို့ စန္ဒာ့ပါး မနာကျင်ပါ။
စန္ဒာ့ရင်တွေသာ နာရသည်။
တစ်သက်လုံး လက်ဖျားနဲ့တောင်မထိခဲ့သည့် အဖေက စန္ဒာ့ပါးကိုရိုက်ခဲ့သည်။

"မဟုတ်တာ မမစန္ဒာရယ်…။
အရိပ်…အရိပ်တတ်နိုင်တာရှိရင် ကူညီပါ့မယ်…။
အခု…အခုတော့ အရိပ်ကို ကြိုးဖြေပေးပါနော်။
အရိပ် နာလို့ပါ…။"

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now