20 (Unicode)

15.5K 855 30
                                    

"အဲဒါဆို ငါတို့လည်း ပြန်တော့မယ်နော် အရိပ်…"

"ဟုတ်ပါပြီ။ဂရုစိုက်ပြန်ကြနော်…"

ကိုကိုတို့လည်း ပြန်သွားကြပြီဖြစ်ရာ အချိန်လည်း အတော်နက်နေပြီ…။
ဖေဖေနှင့်မေမေ‌တောင် ဘုရားဝတ်ပြုနေကြပြီဖြစ်သည်။
အောင်ပုနဲ့ထွေးရီတို့အား အိမ်ရှေ့ထိ လိုက်ပို့ပေးဖြစ်သည်။

"ဂရုစိုက်ပြန်ကြနော်…"

"အင်းပါ…မနက်မှ တွေ့ကြမယ်နော်…"

ထွေးရီ စကားအဆုံး အသီးသီးပြန်ကြတော့မည်ဖြစ်ရာ ရှေ့တွင်လာရပ်သော တစ်စုံတစ်ယောက်ကြောင့် သုံးယောက်သား ခြေလှမ်းတို့ ရပ်တန့်သွားရတော့သည်။
ရှေ့ကတစ်ယောက်မှာ ဟိုဘက်နားကအိမ်မှ မမစန္ဒာဖြစ်သည်။

"မမစန္ဒာပါလား…။
ဘာကိစ္စရှိလို့ပါလဲဗျ။
ဘာကူညီပေးရမလဲဟင်…"

"အင်း…ဟုတ်တယ်။အကူအညီလာတောင်းတာ။"

"ဟုတ်ကဲ့ဗျ မမ။
ဘာကူညီပေးရမလဲဟင်…။အရိပ်တတ်နိုင်တာဆို ကူညီပေးပါ့မယ်ဗျ။"

"ထွေထွေထူးထူးတော့မဟုတ်ပါဘူး။
မောင့်ကို ပြန်လာတောင်းတာ။"

မမစန္ဒာရဲ့စကားတွေကို နားမလည်နိုင်ဖြစ်ရသည်။မောင်…မမစန္ဒာရဲ့မောင်ဆိုသူက မည်သူနည်း…။မမစန္ဒာရဲ့မောင်ကို အရိပ်တို့အိမ်မှာ ခေါ်မထားမိပါ…။

"ဟို…အရိပ် နားမလည်လို့ဗျ။"

"မောင်လေ…အစ်မရဲ့မောင်…။
ဪ ကြည်နူးရိပ်က မသိဘူးထင်တယ်။
မောင်ဆိုတာ မာန်ခက်ထန်ကိုပြောတာ…"

"ဗျာ…"

မမစန္ဒာရဲ့စကားတွေက ဘယ်လိုဦးတည်ချက်မျိုးကိုများ ရည်ရွယ်နေသလဲ…။
သိသည်…။
ယခင်က မမစန္ဒာတို့အိမ်ကို အဝင်အထွက်ရှိခဲ့သည့် ကိုကို့ကို သတိပြန်ရခဲ့တာ သိပ်မကြာသေးပါ။
ကိုကိုနဲ့ စတွေ့စဉ်က ရုတ်တရက် မမှတ်မိခဲ့ပေမဲ့ အမှတ်တမဲ့သတိထားမိခဲ့တဲ့ ကိုကို့ရဲ့အတိတ်ပုံရိပ်တွေကို အရိပ်ရဲ့မှတ်ဉာဏ်တွေထဲကနေ သတိပြန်ရမိခဲ့တာ သိပ်မကြာသေးပါ။

မမစန္ဒာရဲ့အိမ်ရှေ့မှာ မကြာခဏတွေ့ရတတ်ခဲ့တဲ့ ကိုကို့ရဲ့ကား…။
ကိုကို့ရဲ့ပုံရိပ်တွေ…။
ဒါတွေကို ကိုကို့အား ပြန်မမေးဖြစ်ခဲ့တာက ကိုကို စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့…။
နောက်ပြီး အရိပ်ကို မချစ်တော့မှာလည်း စိုးလို့…။

The Thief night(သူခိုးကြီးည/သူခိုးႀကီးည) {Completed}Where stories live. Discover now